ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးစိုးဝင်း ဥက္ကဌအဖြစ်တာဝန်ယူမည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့(ဧပြီ ၁၀ ရက်) တွင် ထုတ်ပြန်သည်။ ပြည်ထောင်စု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုနိုင်ရန်အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေပုဒ်မ ၄ ၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့အရ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို…