ကျောက်ဖြူမှာ ရန်သူ့စခန်းတစ်ခု သိမ်းပိုက်ရရှိ

မတ်လ ၁၇ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသမှာ တပ်မတော်အတွက် အောင်မြင်မှုတစ်ခု ရရှိခဲ့ပါတယ်။

ကျောက်ဖြူနယ်က ပျားချိန်ကျေးရွာအနီးမှာ အကြမ်းဖက် AA နဲ့ PDF ပူးပေါင်းအဖွဲတွေက တောင်ကုန်းတစ်ခုပေါ်မှာ ခံစစ်အခိုင်အမာ ပြင်ဆင်ထားပြီး ခြေကုတ်ယူထားပါတယ်။ အဲဒီတောင်ကုန်းကို တပ်မတော်စစ်ကြောင်းတွေက ရွံရွံချွန်ချွန် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့တယ်လို သိရပါတယ်။

တိုက်ပွဲအပြီး ထွက်ပြေးသွားတဲ့ ရန်သူတွေနောက်ကို လိုက်လံရှင်းလင်းတဲ့အချိန်မှာ –
◾️ ရန်သူ့အလောင်း ၂ လောင်း
◾️ လက်နက်ခဲယမ်းတွေအဖြစ် RPG ၁ လက်၊ စက်လတ် ၁ လက်၊ Type-81 ၄ လက်၊ BA-၆၃ ၁ လက်၊ M-22 ၁ လက်
◾️ ကျည်အိမ်၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်း၊ ဒရုန်းဘက်ထရီ စတာတွေ
◾️ ကျည်အမျိုးမျိုး စုစုပေါင်း ရာနဲ့ချီ

အပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီလိုအောင်မြင်မှုရရှိခဲ့တဲ့ တပ်မတော်သားတွေအတွက် ပြည်သူတွေနဲ့ တပ်မတော်က အရာရှိကြီးတွေက ချီးမြှင့်ငွေ ၁၅ သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ ဒါဟာ တပ်မတော်ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုတာဖြစ်သလို၊ ပြည်သူတွေကလည်း တပ်မတော်နဲ့အတူ ရပ်တည်နေကြောင်း ပြသတဲ့ သဘောလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *