ရန်ကုန်-ဒလပြေးဆွဲနေသည့်YBS ယာဉ် ကြမ်းခင်းအပေါက်မှ ကလေးငယ်တစ်ဦး ပြုတ်ကျ သေဆုံးမှုဖြစ်ပွား

ရန်ကုန်-ဒလပြေးဆွဲနေသည့် YBS ယာဉ်လိုင်းတစ်ခုမှ YBS ယာဉ်၏ ကြမ်းခင်းအပေါက်မှ ကလေးငယ်တစ်ဦး ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့ရကြောင်းသိရပါတယ်။ အဆိုပါ ကလေးငယ်မှာ ယနေ့ ဖေဖော်ဝါရီ (၂၃)ရက် ညနေ (၄)နာရီကျော်အချိန်၌ ဒလမြိုနယ်မှ ဝါဖြေရန် ရန်ကုန်မြိုတွင်းသို အဒေါ် ဖြစ်သူနှင့်အတူ မုန့်ဝယ်ပြီးအပြန် ဒလတိုးဂိတ်အရောက် Slowdown အဖြတ်တွင် YBS ယာဉ်မှာ ခုန်ပြီး ကြမ်းခင်းပေါက်နေသောနေရာမှ ပြုတ်ကျ၍ နောက်ဘီးဖြစ်ကြိတ်မိကာ အသက်ဆုံးရှူံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *