ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက ကချင်ပြည် နယ်၊ မြစ်ကြီးနားလေဆိပ်၌ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏ ခရီးသည်တင်လေယာဉ်အား KIA နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲများမှ FPV suicide drone များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပျက်စီးမှုအချိုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။
လက်ရှိအချိန်၌ လေဆိပ်ရှိ လေယာဉ်ရပ်နားနေရာတွင်လည်း အနည်းငယ်ပျက်စီးခဲ့သဖြင့် မြစ်ကြီးနားလေ ဆိပ်၏ လေယာဉ် ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားရန် လေယာဉ်မှူးအသိပေးစာ(NOTAM)ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

