ရန်ကုန်တိုင်းအစိုးရအဖွဲ၏ဦးဆောင်မှုဖြင့် အမျိုးသား- အမျိုးသမီး(အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲကို လာမည့် မတ် ၁၄ ရက်တွင် ကန်တော်ကြီးပတ်လမ်း ၌ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲအား နံနက် ၆ နာရီတွင် တင့်ကားကုန်းဝင်ပေါက်ရှေ့မှ တာလွှတ်သွားမည်ဖြစ်ပြီး အမျိုးသားများမှာ (၇)ပတ် အမျိုးသမီးများမှာ (၅)ပတ် ယှဥ်ပြိုင်စီးနင်းရမည်ဖြစ်ကာ ပန်းဝင်မည့်နေရာကိုလည်း တင့်ကားကုန်းဝင်ပေါက်ရှေ့ကို သတ်မှတ်ထားသည်။
ပြိုင်ပွဲ၏ ပထမဆုအား (၅)သိန်းကျပ်၊ ဒုတိယဆုအား (၄)သိန်းကျပ်၊ တတိယဆုအား (၃)သိန်းကျပ်၊ စတုတ္ထဆုအား (၂)သိန်းကျပ်၊ ပဥ္စမဆုအား (၁)သိန်း(၅)သောင်းကျပ်၊ ဆဌမဆုအား (၁)သိန်းကျပ်၊ အဆင့်(၇)မှ (၃၀)အထိအား (၅)သောင်းကျပ်စီ ချီးမြှင့်သွားမည်ဖြစ်သည်။
ထိုကြောင့် ဝင်ရောက်ယှဥ်ပြိုင်လိုသူများအနေဖြင့် ကိုလင်းလင်း ဖုန် ၀၉ ၂၅၀၇၂၉၂၀၉ နှင့် ဦးပဲကြီး ဖုန်း ၀၉ ၄၃၁၂၉၁၇၇ တိုသို မတ် ၁၃ ရက်နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီး စက်ဘီး/ကျောနံပတ်များကို မြန်မာနိုင်ငံစက်ဘီးအဖွဲချုပ်ရုံး၌ မတ် ၁၁ ရက်နှင့် မတ် ၁၂ ရက်တိုတွင် ထုတ်ပေးသွားမည်ဖြစ်သည်။
ပြိုင်ပွဲအား ပြိုင်စက်ဘီးလက်ကိုင်အကောက်များဖြင့်သာဝင်ရောက်ယှဥ်ပြိုင်ခွင့်ပြုမည်ဖြစ်ကာ စက်ဘီးများတွင် ရှေ့/နောက်ဘရိတ်များပါရှိရဖြစ်ပြီး 700CC MTB, MTB, COG WHEEL,E-BIKE များဖြင့်ယှဥ်ပြိုင်ခွင့်မပြုထားပေ။
