
မြစ်ဆုံစီမံကိန်းသည် နိုင်ငံ၏ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်မည်ဖြစ်
မြစ်ဆုံစီမံကိန်းမှထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားများကို ပြည်တွင်းသုံးစွဲမှုဖူလုံစေရန်အတွက်သာ ဦးစားပေးမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းလို အပ်သည့် လျှပ်စစ်ဓာတ်အားကိုသုံးစွဲပြီး ပိုလျှံဓာတ်အားကို ပြည်မနှင့်အခြားပြည်နယ်များက တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် မျှဝေသုံးစွဲသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ပြောသည်။
