


ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အဖွဲရဲ့ ဌာနချုပ်တည်ရှိရာ ဗန်းမက်ကျေးရွာကို သိမ်းပိုက်လိုက်ပြီလို ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO/PNA) က သတင်းထုတ်ပြန်ထားပါတယ်။
မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာမှာရှိတဲ့ PNLA ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံတွေ ပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်တယ်လို့ PNO က ဖေဖော်ဝါရီလ (၁၂)ရက်မှာ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝင်ရောက်လာတဲ့ ဒေသခံ တိုင်းရင်းသားတွေကို PNO အနေနဲ့ ဆေးကုသမှုတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးလျက်ရှိတယ်လိုလည်း PNO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ပြီး တပ်မတော်၊ PNA ပူးပေါင်းတပ်တို့က (PNLA) ဌာနချုပ်ရှိတဲ့ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ ဟံးဗွာကျေးရွာဘက်သို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။
