






MSME ပြပွဲများမှတစ်ဆင့် ပုသိမ်ထီးများကို စိတ်ပါဝင်စားမှုပိုမိုရရှိလာကာ ဒေသထွက်ပုသိမ်ထီးများ ပြည်တွင်းဝယ်လိုအားကောင်းလာကြောင်း ပုသိမ်မြိုရှိ ထီးလုပ်ငန်းရှင်များထံမှ သိရသည်။
ပုသိမ်ထီးသည် ပုသိမ်မြို့၏ ပြယုဒ်တစ်ခုအနေနဲ့ ရှေးယခင်ဘိုးဘွားများလက်ထက်ကပင် မှတ်ယူလာခဲ့ကြပြီး ပုသိမ်မြို့သို့လာရောက်ကြသူများက လက်ဆောင်ပစ္စည်းအဖြစ်ဝယ်ယူကြလေ့ရှိသည်။
ပုသိမ်ထီးကို မရမ်းချိုရွာသား ဦးဖိုးထွန်းက နိုင်ငံခြား ဆန်တင်သင်္ဘောဖြင့် ဂျပန်ပါသွားပြီး သင်ယူလာသည့် ထီးလုပ်အတတ်ပညာဖြင့် ပုသိမ်တွင် ထီးလုပ်ငန်းလုပ်ရာမှတစ်ဆင့် ပုသိမ်ထီးဟု အမည်တွင်လာကြောင်း ဖော်ပြချက်များအရ သိရသည်။
