ငလျင်များဆက်တိုက်နီးပါးလှုပ်ခတ်နေ ယနေ့ ဖေဖော် ဝါရီ ၁၀ ရက်တွင်လည်း ပုဗ္ဗသီရိမြိုနယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌လှုပ်ခတ်ခဲ့

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစတင်ကာ ငလျင်လှုပ်ခတ်မှုများဆက်တိုက်နီးပါးဖြစ်ပေါ်နေပြီး ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နံနက်ပိုင်းကလည်း ပုဗ္ဗသီရိမြိုနယ်နှင့် အောင်မြေသာစံမြိုနယ်တိုကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၏ အရှေ့မြောက်ဘက် (၁၅)မိုင်ခန့်အကွာ အနက်(၁၄)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၀)အဆင့်ရှိ အင် အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ယနေ့ ဖေ ဖော်ဝါရီ ၁၀ ရက်နံနက် ၆ နာရီ ၂၂ မိနစ် ၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နံနက် ၂ နာရီ ၃၄ မိ နစ် ၀ စက္ကန့်ကလည်း မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၏ မြောက်ဘက်(၇)မိုင်ခန့်အကွာ အနက်(၁၃) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *