ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း ရက်တိုသင်တန်း ဖွင့်လှစ်မည်

ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း ရက်တိုသင်တန်း(အမှတ်စဉ် ၁၉)အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)မှ သင်တန်းသားခေါ်ယူနေပြီဖြစ်ကြောင်း သိရပါတယ်။

သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ (တနင်္လာ မှ သောကြာ) သင်ကြားပေးမည်ဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၄ ရာရီထိဖြစ်ကာ သင်တန်းသားဦးရေ (၅၀) အထိ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ သင်တန်းတည်နေရာမှာ  အမှတ်(၂၂၈/၂၄၀)၊ စတုတ္ထထပ်၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ် ဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်လျှောက်ထားသူများအနေဖြင့်  ၁ လက်မပတ်လည်ဓါတ်ပုံ ၃ ပုံ၊ ဘွဲ (သို) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ တိုနှင့်အတူ လာရောက်လျှောက်ထားနိုင်ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *