ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဆောင်ရွက်နေ

ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတား အောက် သဲသောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရသတင်းများအရ သိရသည်။

အထူးသဖြင့် မြစ်ကြီးနားမြိုသည် နှစ်စဉ် မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပွားမှု ဒဏ်ကို ခံရလေ့ရှိသဖြင့် မြိုရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး အဓိ က လုပ်ငန်းစီမံကိန်းများအနက် ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထိုကြောင့် ဗလမင်းထင်တံတားအောက်ရှိ သဲသောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား ဆောင်ရွက်နေပြီး ပတ်ဝန်းကျင်လူထုထိခိုက်မှု မရှိစေရေးအတွက်လည်း ဆောင်ရွက်နေသည်ဟု သိရသည်။

ယင်းသို ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် က ကြည့်ရှူစစ်ဆေးခဲ့ပြီး စီမံကိန်းအတွင်း သဲကျောက်တင်ယာဉ်များ ရွေ့ပြောင်းသွားလာရာတွင် မြိုတွင်းလမ်းများ ပျက်စီးမှုမရှိစေရေး သတ်မှတ်တန်ချိန်အတိုင်း တင် ဆောင်သွားလာရေး၊ ယာဉ်စည်းကမ်းလမ်းစည်း ကမ်းနှင့်မြိုနေလူထုထိခိုက်မှုမရှိ‌စေရေးအလေး ထားလုပ်ဆောင်ကြရန် မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *