


ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တိုကို ဆက်သွယ်ထားတဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြိုနယ်၊တာဆန်းကျေးရွာအနီးရှိ သံလွင်မြစ်ကူးတံတား(တာဆန်း)ကို ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ယာယီသမ္မတမှ သံလွင်တံတား(တာဆန်း)က မ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တိုက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
ထိုနောက် နိုင်ငံတော်ယာယီသမ္မတထံ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သံလွင်တံတား (တာဆန်း)ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်ကာ နိုင်ငံတော်ယာယီသမ္မတမှ ကျောင်း သား၊ ကျောင်းသူများနှင့် ဒေသခံများကိုဂုဏ်ပြုချီး မြှင့်ငွေများပေးအပ်ပြီး သံလွင်တံတား(တာဆန်း)အား ဖြတ်သန်းကြည့်ရှုခဲ့ကြပါတယ်။
