လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးအတွက် ၄င်းတို ဆောင်ရွက်လိုသည့် ဒေသနှင့်ကိုက်ညီသော ဝင်ငွေရလုပ်ငန်းများဆောင်ရွက်ရန် အသက်မွေးဝမ်းကျောင်းနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ကျန်းမာရေး၊ပညာရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းစသည့်လုပ်ငန်းများအတွက် တစ်ဦးလျှင် အများဆုံးကျပ်(၁၀)သိန်း နှုန်းဖြင့် ထောက်ပံပေးနေကြောင်း သိရသည်။
ပြန်လည်ထူထောင်ရေးဦးစီးဌာန ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံပေးနေခြင်းဖြစ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းထူထောင်နိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီခြင်းဖြင့် နောက်ထပ် လူကုန်ကူးခံရခြင်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ကပြောသည်။
