၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ICJ ကြားနာပွဲမှကောက်နုတ်ချက်

မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေ Professor Mr.STEFAN TALMON ၏ လျှောက်လဲတင်ပြချက် ကနဦးကန့်ကွက်လွှာ ဒုတိယအချက်ထဲမှ ကောက်နုတ်ထားပါသည်။

ဂမ်ဘီယာသည် ၎င်း၏ နိုင်ငံပြင်ပမှာ ရှိတဲ့ နိုင်ငံသားမဟုတ်တဲ့သူတွေနဲ့စပ်လျဉ်းပြီး လူမျိုးတုန်းမှုကို ကျူးလွန်လျက်ဖြင့် စွပ်စွဲနေပါတယ်။

GENOCIDE CONVENTION ၏ အပိုဒ် ၆ နှင့် အပိုဒ် ၇ တွင် စာချုပ်ဝင်နိုင်ငံတွေကို မိမိတိုနယ်မြေ၏ ပြင်ပတွင်ဖြစ်ပွားသော လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူများကို အရေးယူဆောင်ရွက်နိုင်ရန် အခွင့်အာဏာပေးအပ်ထားခြင်းမရှိသည့်အပြင် ထိုသိုသော ကျူးလွန်မှုများအတွက် တရားခံလွှပြောင်းပေးရန် တောင်းဆိုပိုင်ခွင့်လည်းပေးမထားပါ။

နိုင်ငံရဲ့တာဝန်ရှိမှု (STATE RESPONSIBILITY) ဆိုင်ရာ ပြဌာန်းချက်အပိုဒ် ၄၄ (က) တွင် “နိုင်ငံသားဆိုင်ရာ တောင်းဆိုပိုင်ခွင့်၏ စည်းမျဉ်းအရ တောင်းဆိုခြင်းမဟုတ်လျှင် နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်ရှိမှုကို ကိုးကားတောင်းဆိုခွင့်မရှိ” ဟု စောဒကတက်စရာမလိုအောင် ပြဌာန်းထားပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ “တရားရုံးရှေ့မှောက်မှာ အပြည်ပြည်ဆိုင်ရာတာဝန်ရှိမှုများအတွက် ချိုးဖောက်မှုတစ်ခုခုအပေါ် အများကိုယ်စား တရားစွဲဆိုဆောင်ရွက်ပေးလိုမရဘူးဆိုတာကို မြန်မာ ICJ TASK FORCE အဖွဲက ကြားနာပွဲမှာ တရားရုံးကို တင်သွင်းထားပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *