ROE နဲ့အညီ ဆောင်ရွက်သည်

ARSA အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရလုံခြုံရေးစခန်း(၃၀)နှင့် တပ်ရင်းဌာနချုပ်တစ်ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။

ဒါကြောင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အလို့ငှာ တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက ROE နှင့်အညီ ARSA အဖွဲ့ကို ချေမှုန်းရှင်းလင်းခြင်းဖြစ်ပြီး ဘယ်သူ့ကိုမှ လူမျိုးတုန်းသတ်ဖြတ်ခြင်း (Genocide) မရှိပါ။

နောက်တစ်ချက်က “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းသည် မြန်မာနိုင်ငံ၏သမိုင်းနှင့် ဥပဒေဆိုင်ရာမှတ်တမ်းများတွင် မည်သည့်နေရာ၌မျှ မတွေ့ရှိရပါ။  ထို့ကြောင့် ဒီအသုံးအနှုန်းကို ပြင်းထန်စွာ ကန့်ကွက်ပါသည်။

လက်ရှိတွင်လည်း နိုင်ငံတော်အစိုးရက နေရပ်စွန့်ခွာသူများအား စိစစ်မှုများပြုလုပ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် မိတ်ဆွေနိုင်ငံများနှင့်ပူးပေါင်း၍ ပြန်လည်လက်ခံရေး ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *