ဂမ်ဘီယာနိုင်ငံဟာ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် တရားစွဲဆိုခဲ့တယ်…
စွဲဆိုတဲ့ အကြောင်းအရာက ရခိုင်ပြည်နယ်အတွင်းမှာ အိမ်နီးချင်းနိုင်ငံကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံကလူမျိုးသုဉ်းသတ်ဖြတ်ပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖြစ်ပါတယ်…
အမှန်တကယ်ရခိုင်ဒေသမှာ သတ်ဖြတ်ခံလိုက်ရတာက မြန်မာနိုင်ငံ အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲဝင်တွေ၊ ရခိုင်တိုင်းရင်းသားတွေ၊ ဟိန္ဒူလူမျိုးတ ဖြစ်ပါတယ်… သတ်ဖြတ်သူတွေကတော့ ခိုးဝင်ဘင်္ဂါလီတွေနဲ့ အတူပါလာတဲ့ အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက် ARSA အဖွဲတွေက သတ်ဖြတ်တာ ခဲ့ကြတာဖြစ်ပါတယ်…
မြန်မာနိုင်ငံအတွင်းကို ကျူးကျော်လာတဲ့အပြင် နိုင်ငံ့အချုပ်အခြာအာဏာကို ထိပါးကာ မြန်မာနိုင်ငံသားတွေ လုံခြုံရေးအဖွဲတွေကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက် ARSA အဖွဲတွေကိုသာ နိုင်ငံတော်အစိုးရက ချေမှုန်းခဲ့ခြင်းသာရှိပါတယ်..
ဒီလို အကြမ်းဖက် ARSA အဖွဲကိုချေမှုန်းနေမှုနှင့်အတူ မြန်မာနိုင်ငံအတွင်းကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကိုလည်း နိုင်ငံတော်အစိုးရအနေနဲ့ လူသားချင်းစာနာစွာ ထောက်ပံ့ပေးမှုတွေနဲ့အတူ ယာယီနေထိုင်နိုင်ဖိုအတွက်ပါ စောင့်ရှောက်မှုတွေ လုပ်ပေးခဲ့ပါတယ်…
ဒီလိုတွေစောင့်ရှောက်သင့်သူတွေကို စောင့်ရှောက်ထားသလို တစ်ဖက်မှာလည်း အကြမ်းဖက်မှုတွေလုပ်နေတဲ့ အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက် ARSA ကိုလည်း ချေမှုန်းရှင်းလင်းခဲ့ပါတယ်… နိုင်ငံတော်အစိုးရက ချေမှုန်းရှင်းလင်း တာဟာ ဘင်္ဂါလီတွေကို ရှင်းလင်းတာမဟုတ်ဘဲ အကြမ်းဖက် ARSA အဖွဲတွေကိုသာ ချေမှုန်းရှင်းလင်းခဲ့ခြင်းသာဖြစ်ပါတယ်..
မြန်မာနိုင်ငံအစိုးရအနေနဲ့ ယခုလို စောင့်ရှောက်သင့်သူကို စောက်ရှောက်သလို ချေမှုန်းသင့်သူ အကြမ်းဖက်သမားတွေကို ချေမှုန်းတာနဲ့ ပတ်သက်ပြီး ဖြစ်စဉ်ဖြစ်ရပ်အမှန်တွေကို ဂဃနဏမသိတဲ့ ဂမ်ဘီယာနိုင်ငံဟာ OIC အဖွဲဝင်နိုင်ငံတွေရဲ့ထောက်ပံ့မှုကိုမြှော်ကိုးပြီး လွဲမှားတဲ့စွပ်စွဲချက်တွေအတွက် မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာတရားစွဲခဲ့တယ်…
ဒီလိုတရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံဟာ နစ်နာသူနိုင်ငံမဟုတ်တဲ့အတွက် တရားစွဲခွင့် မရှိကြောင်း၊ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်က အဖွဲဝင်နိုင်ငံများအနေဖြင့် ၎င်းတိုအပေါ်ထိခိုက် မှုမရှိပါက တရားစွဲခွင့်ပေးမထားကြောင်း လျှောက်လဲချက်လည်း မြန်မာနိုင်ငံ အနေနဲ့ တင်သွင်းခဲ့ကြပါတယ်…
လာမယ့် ၁၂-၁-၂၀၂၆ ရက်နေ့မှာလည်း နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြိုမှာ ဂမ်ဘီယာနိုင်ငံရဲ့ လုပ်ကြံလီစယ်ထားမှုတွေကိုချေပဖို မြန်မာနိုင်ငံအနေနဲ့ ခိုင်မာတဲ့ Facts တွေ၊ Evidence တွေ တင်သွင်းမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့…
မြန်မာနိုင်ငံရဲ့သိက္ခာဟာ မြန်မာနိုင်ငံသားတွေရဲ့လက်ထဲမှာပဲ..
တရားကို နတ်စောင့်ပါတယ်..
🇲🇲 We stand with Agent of Myanmar 🇲🇲
