အကြမ်းဖက် ARSA(မူလအမည်AMM) အဖွဲ့က အတ္တာအူလ္လာခေါင်းဆောင်တဲ့စစ်သွေးကြွအဖွဲ့ဟာ ၉-၁၀-၂၀၁၆ ရက်နေ့မှာ မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲဌာနချုပ်နဲ့ ရဲစခန်း နှစ်ခုအား အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလို အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးပြီး လက်နက် ၆၈ လက်ဆုံးရှုံးခဲ့ပါတယ်။
ဒါ့အပြင် ၂၅-၈-၂၀၁၇ ရက်နေ့ နံနက် ၀၁၃၀ နာရီအချိန်မှာပဲ အတ္တာအူလ္လာ ဦးစီး ARSA အကြမ်းဖက်အဖွဲ့(ယခင်အမည် AMM) က ရဲစခန်း ၃၀ နှင့်တပ်ဌာနချုပ် တစ်ခုအား ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးကျဆုံးပြီး လက်နက် ၆ လက်ဆုံးရှုံးခဲ့ပါတယ်။
မြန်မာပိုင်နက်နယ်မြေအတွင်း ကျူးကျော်ခဲ့တဲ့ အကြမ်းဖက် ARSA စစ်သွေးကြွအဖွဲ့ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုသာမက ရခိုင် တိုင်းရင်းသားတွေ၊ ဟိန္ဒူလူမျိုးတွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။
ဒီလိုအကြမ်းဖက် ARSA အစွန်းရောက်အဖွဲ့ရဲ့ မြန်မာနိုင်ငံသားတွေအပေါ်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကာကွယ်ဖို့နဲ့ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုကာကွယ်ဖိုအတွက် တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့တာတွေရှိခဲ့ပေမယ့် ဘင်္ဂါလီတွေကို သတ်ဖြတ်ခဲ့ခြင်းမျိုးလုံးဝမရှိခဲ့ပါ။ နယ်မြေကျူးကျော်ပြီး နယ်ခြားစောင့်ရဲ့ကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက် ARSA အဖွဲ့တွေကိုသာ ချေမှုန်းရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်…
(ပုံ-အကြမ်းဖက် ARSA ခေါင်းဆောင်နှင့် နယ်ခြားစောင့်ရဲကင်းစခန်းများနှင့် ဌာနချုပ်များအား ARSA အဖွဲ့မှ တိုက်ခိုက်ခဲ့သည့်မှတ်တမ်း)


