ဂမ်ဘီယာ၏ ICJ အမှုရှေ့နေအဖွဲကို အာဆလန်ဆူလေမန် ဦးဆောင်မည်

Mr. Suleman သည် အမေရိကန်နိုင်ငံအခြေစိုက် Foley Hoag LLP ရှေ့နေရုံး၏ နိုင်ငံတကာဥပဒေဌာနတွင် အကြီးတန်း ရှေ့နေတစ်ဦး ဖြစ်ပါသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံသည် မြန်မာအစိုးရအား ICJ တွင် ဘင်္ဂါလီများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်သည်ဟု တရားစွဲဆိုထားရာ ယင်းအမှု၏ ပြင်ဆင်မှုအဆင့်များ ပြီးဆုံးကာ တရားရုံးချုပ်တွင် ကြားနာမှုများ စတင်တော့မည်ဖြစ်သည်။

နှစ်ပတ်ကျော်မျှ ကြာမြင့်မည့် ဤတရားစီရင်မှုတွင် ဂမ်ဘီယာနှင့် မြန်မာကိုယ်စားလှယ်အဖွဲများသည် တရားရုံးရှေ့တွင် ဥပဒေအချက်အလက်များကို တင်ပြခြင်း၊ ဆန့်ကျင်ငြင်းဆိုခြင်းများ ဆက်တိုက်ပြုလုပ်ကြမည် ဖြစ်သည်။ ထိုအပြင် နှစ်ဖက်မှ တင်ပြသော ကျွမ်းကျင်သူများ၊ သက်သေအထောက်အထားများကိုလည်း စိစစ်မေးမြန်းမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

Fighting Myanmar

We stand with Agent of Myanmar

Leave a Reply

Your email address will not be published. Required fields are marked *