ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ညပိုင်းကျင်းပသွားမည့် ပွဲများအတွက် မနက်ဖြန် (ဒီဇင်ဘာ ၃၁ရက်)မှ (ဇန်နဝါရီ ၄ရက်)နေ့အထိ ငါးရက်တိုင်တိုင် YBS ယာဉ်လိုင်း (၇)လိုင်း ယာဉ်စီးခအခမဲ့ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YTRC)ထံမှ သိရသည်။
အဆိုပါ New Year Countdown ပွဲတော်နှင့် လွတ်လပ်ရေးနှင့်အထိမ်းအမှတ် ဈေးရောင်းပွဲတော်အဖြစ် မနက်ဖြန် (ဒီဇင်ဘာ ၃၁ရက်)မှ (ဇန်နဝါရီ ၄ရက်)နေ့အထိ ငါးရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်၍ အဆိုပါပွဲတော်သို့ လာရောက်ကြမည့်သူများအတွက် အကြိုအပိုဆောင်ရွက်ရန် ယာဉ်လိုင်း (၇)လိုင်းဖြစ်သည့် YBS (39) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)တို့ကို ပွဲပြီးဆုံးသည်အချိန်အထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့ရင်ပြင်မှ မြို့တွင်း ဆူးလေအထိ Mini bus (၃) စီးကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ရာ ယာဉ်စီးခများကို အခမဲ့စီစဉ်ပေးထားကြောင်း သိရသည်။
အဆိုပါ 2026 Yangon New Year Countdown ပွဲတော်တွ င် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲများနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတိုက ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

