


ဒီ ၃၀ ရက်နေ့ မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါမြိုနယ်၊ မြောက်ခင်ရမ်းပြည်သူ့စစ်ကျေးရွာအား PDFအကြမ်းဖက်သမား ၅၀ဦးခန့် မှ လာရောက်တိုက်ခိုက်ခဲ့ရာ ကင်းပုန်းဝပ်စောင့်ဆိုင်းနေသောလုံခြုံရေးအဖွဲ၏ လက်ဦးမှုရယူပစ်ခတ်မှုကြောင့်အကြမ်းဖက်သမားများ အလောင်းပင်မကောက်နိုင်ဘဲတောင်ဘက်သို ဆုတ်ခွာထွက်ပြေးသွားခဲ့၊ ဖြစ်စဉ်တွင် မိမိပြည်သူ့စစ် ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ –
(၁) အရပ်ဝတ် ကျားအလောင်း ၂ လောင်း
(၂) အမ်အေ- ၁ သေနတ် ၁လက်
(၃) အမ်အေ- ၃ သေနတ် ၁ လက်
(၄) ဘီအေ -၆၃ သေနတ် ၁လက်
(၅) လက်လုပ်စိန်ပြောင်း ၁ လက်
(၆) ကျည်အိမ်မျိုးစုံ ၄ ခု
(၇) ကျည်မျိုးစုံ ၄၅တောင့်နှင့်
(၈) လက်လုပ်ဗုံးသီး ၉လုံး
တိုအားသိမ်းဆည်းရရှိခဲ့။
