မြောက်ဦးကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်တာက..

စစ်တပ်က အရပ်သားပြည်သူတွေရှိတဲ့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို ဗုံးမကြဲပါဘူး။ အခုကိစ္စဆိုတာ ဆေးရုံကို ကာဗာယူပြီး ဖွင့်လှစ်ထားတဲ့ အကြမ်းဖက် AA အဖွဲ့ရဲ့ မြောက်ပိုင်းစစ်ဌာနချုပ် Command Post တစ်ခုပဲဖြစ်တယ်။ ဒါကို AA ကို မလိုလားတဲ့ ရခိုင်လူမျိုးတွေက သတင်းပေးတာရယ်၊ အခြားသတင်းအရင်းအမြစ်တွေရယ်ကနေ အတိအကျ သတင်းရရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်သူပုန်တွေကတော့ ထုံးစံအတိုင်းပဲ .. သူတို့အဖွဲ့ဝင်တွေ အများအပြားသေဆုံးတိုင်း “ပြည်သူ၊ ပြည်သူ”ဆိုပြီး Social Media ပေါ် တက်တက်အော်ကြတာ အားလုံးအသိပဲဖြစ်တယ်။ စစ်အခြေစိုက်စခန်းဖြစ်တဲ့အတွက် အရပ်ဘက် ပစ်မှတ်မဟုတ်တော့ဘဲ စစ်ရေးပစ်မှတ်တစ်ခုသာဖြစ်တယ်။ ဒါက ROE နဲ့လည်း ကိုက်ညီပါတယ်။

ဂါဇာမှာဆိုရင် ဟားမတ်တွေ ဥမင်လိုဏ်တူးပြီး Command Post လုပ်ထားတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဗလီတွေကို စိစိညက်ညက်ချေမှုန်းခဲ့တာ (2023 ဒီဇင်ဘာလ – 2024 ခုနှစ်) မျက်ဝါးထင်ထင် တွေ့မြင်ကြပြီးဖြစ်ပါတယ်။

အခုကိစ္စက ဆေးရုံကို ကာဗာယူပြီး စစ်စခန်းဆောက်ထားတာဖြစ်လို့ ဗုံးကြဲလိုက်တယ်လို့ ယူဆရပြီး AA သူပုန်တွေ အများအပြားသေသွားတော့မှ ပြည်သူတွေဆိုပြီး အော်တော့တာပါပဲ။ ဒါမျိုးတွေက သူပုန်တွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း မြန်မာအစိုးရကို ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ချင်တဲ့အတွက် “ပြည်သူ.. ပြည်သူ” ဆိုပြီး အောက်လုံးထိုးတဲ့ လုပ်ရပ် တစ်ခုထက်အပြင် မပိုပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *