အမျိုးသမီး တစ်ဦးချင်း ကယက်ပြိုင်ပွဲမှ ပထမဆုံးအဖြစ်ပိုပိုအောင် ကြေးတံဆိပ်ဆု ဆွတ်ခူး

ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ၌ ယနေ့ (ဒီဇင်ဘာ ၁၁)ရက်နေ့တွင် ကျင်းပသည့် အမျိုးသမီးတစ်ဦးချင်း ကယက် ပြိုင်ပွဲတွင် မပိုပိုအောင် ကြေးတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။

Kayak Slalom ပြိုင်ပွဲသည် မြန်မာနိုင်ငံအနေဖြင့် SEA Games တွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်သော အားကစားပြိုင်ပွဲအမျိုးအစား ဖြစ််ကာ  ပိုပိုအောင်က ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်လည်း လေးလသာရှိခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းကယက် Slalom (Women’s Kayak Single Slalom) ပြိုင်ပွဲ၌ ကြေးတံဆိပ်ရရှိခဲ့ခြင်း ဖြစ်သည်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *