သီးပွင့်ဆဲ ဘိန်းခင်း ၁၁၅ ဧကကို နှစ်ရက်အတွင်းဖျက်ဆီး၊ ဘိန်းခင်းဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်မည်

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၁၅ ဧကကို တပ်မတော်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့က နှစ်ရက်အတွင်း ဖျက်ဆီးလိုက်ပြီး ဘိန်းခင်းဖျက်ဆီးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဘိန်းခင်းများ ဖျက်ဆီးမှုကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *