မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး သဘောတူညီချက်များကို အတည်ပြု

တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးဒုတိယနေ့ကို ဒီဇင်ဘာလ ၁၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ဆက်လက်ကျင်းပခဲ့ပါတယ်။

အဆိုပါအစည်းအဝေးမှာ မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးပြီးနောက် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌများက ဆွေးနွေးချက်များ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *