လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအနီး၌ ဝေလင်းထွန်း မောင်းနှင်ပြီး အောင်သူဖြိုးနှင့်ပြည့်ဖြိုးဟိန်း(ခ)ဖက်တီးတို့ လိုက်ပါလာသော ALPHARD မော်တော်ယာဉ်အား သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၂၃ ဒသမ ၉ သိန်းအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရယင်းနေ့ နံနက် ၉ နာရီခွဲအချိန် ပြင်ဦးလွင်မြို့နယ်၊ ခြေမြစ်ပင်ကျေးရွာအနီး ချုံအတွင်းမှဆာလာအိတ်များဖြင့်ထည့်ထားသည့်စိတ်ကြွဆေးပြား ၆၂ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွဆေးပြား ၈၅ ဒသမ ၉ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၈၈၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်မိုးထွန်းအား ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူပူးပေါင်းပါဝင်သူများမှာ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နေ ကျော်ကျော်(ဖမ်းဆီးရန်ကျန်)၊ ဟိန်းစည်သူ (ဖမ်းဆီးရန်ကျန်)နှင့် ရွှေတောင်မြို့နေကျော်မောင်မောင်လှိုင်(ခ)ကိုချို (ဖမ်းဆီးရန်ကျန်)တို့ဖြစ်ပြီးရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။
