သူ့အမည်က ဗိုလ်မှူးကြီး သူရ အောင်မျိုးကျော်..
ဗိုလ်မှူးကြီး သူရ အောင်မျိုးကျော် ကို ၆-၁၀-၁၉၇၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတွင် မွေးဖွားခဲ့ပါသည်။
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၄၁)တွင် သင်တန်းတက်ရောက်ခဲ့ပြီးနောက် တင့်ကားတပ်စုမှူး၊ လက်ထောက်ကထိက၊ တပ်ခွဲမှူး၊ ဌာနချုပ်တပ်ခွဲမှူး၊ စစ်ဦးစီးမှူး(ဒုတိယတန်း)၊ ဒုတိယတပ်ရင်းမှူးနှင့် တပ်ရင်းမှူး တာဝန်များကို ခြေလျင်/ခြေမြန်နှင့် တိုင်းစစ်ဌာနချုပ်များတွင် အသီးသီးတာဝန် ထမ်းဆောင်ခဲ့ပါသည်။
အရာရှိကြီးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဦးစီးအရာရှိ(ပထမတန်း) (ငွေစာရင်း/မှတ်တမ်း) တာဝန်ထမ်းဆောင် နေစဉ် ၂၂-၆-၂ဝ၂၁ ရက် ၀၇၀၀ နာရီ၌ NLD ထောက်ခံအကြမ်းဖက်သမားများ ယာယီစုဖွဲ့နေသောဌာနချုပ်နေရာအား ဝင်ရောက်ရှာဖွေရှင်းလင်းစဉ် မိမိ၏အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ရာ လက်ပစ်ဗုံး ဖောက်ဝင်ဒဏ်ရာများဖြင့် ကျဆုံးခဲ့ရပါသည်။
အရာရှိကြီးအနေဖြင့် အဆိုပါစစ်ဆင်ရေးဆောင်ရွက်ခြင်းဖြင့် အချုပ်အခြာအာဏာကို ထိပါးစေမည့် လက်နက်ကိုင် အကြမ်းဖက်များ၏လုပ်ရပ်များအား ကမ္ဘာသို့ချပြနိုင်ခဲ့ခြင်း၊ မန္တလေးမြို့တွင်းတိုက်ပွဲများ စတင်ဖော်ဆောင်မည့် အစီအမံပျက်ပြားသွားစေခြင်း၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်များအား ကာကွယ်ပေးနိုင်ခဲ့ခြင်း၊ KIA ၏ လုပ်ရပ်နှင့် ၎င်းတို့၏ကိုယ်ပွား(Proxy War)အား ရိုက်ချိုးနိုင်ခဲ့ခြင်းနှင့် NLD ထောက်ခံအကြမ်းဖက်သမားများ၏ ယာယီရုံးဌာနချုပ် ၃ ခုအား ထပ်မံဖော်ထုတ်သိမ်းပိုက်နိုင်ခဲ့သဖြင့် ဗိုလ်မှူးကြီး အောင်မျိုးကျော်အား နိုင်ငံတော်မှ သူရဘွဲ့ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။
(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်)
တိုက်ပွဲသတင်းစုံ

