သူ့အမည်က ဒုတိယဗိုလ်မှူးကြီး သူရ ဇော်မျိုး..
ဒုတိယဗိုလ်မှူးကြီး သူရ ဇော်မျိုး ကို ၁၈-၄-၁၉၇၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် မွေးဖွားခဲ့ပါသည်။
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၄၁)တွင် သင်တန်းတက်ရောက်ခဲ့ပြီးနောက် တပ်စုမှူး၊ လက်ထောက် ကထိက၊ စစ်ဦးစီးမှူး(ဒုတိယတန်း)၊ ဒုတိယတပ်ရင်းမှူးနှင့် တပ်ရင်းမှူးတာဝန်များကို ခြေလျင်/ခြေမြန်၊ စစ်တက္ကသိုလ်နှင့် တိုင်းစစ်ဌာနချုပ်များတွင် အသီးသီးတာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဒုတိယဗိုလ်မှူးကြီးဇော်မျိုးသည် အမှတ်(၄)ခြေလျင်တပ်ရင်းတွင် ယာယီတပ်ရင်းမှူးတာဝန်ထမ်းဆောင်နေစဉ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပြည်သာယာစစ်ဆင်ရေး၊ ယုစပွန်လမ်းဆုံအနီး ခန့်မှန်း မြေပုံညွှန်း (အမ်ဂျီ——-)တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူအင်အား ၄၀၀ ဦးခန့်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် ရန်သူ့လက်နက်ကြီး/ လက်နက်ငယ်များ၊ အာပီဂျီ၊ စက်လတ်၊ လက်ပစ်ဗုံးနှင့်လက်ဖြောင့် သေနတ်များဖြင့် လက်ယှက်ထိုးပစ်ခတ် တိုက်ခိုက်နေသည့်ကြားမှ ရှေ့ဆုံးတွင် ရင်ဆိုင်တိုက်ခိုက်နေသော ပွိုင့်တပ်စုရှိရာသို့ ချဉ်းကပ်ပြီး အနီးကပ်ကြီးကြပ်ကွပ်ကဲနေစဉ် ရန်သူ့ပစ်ခတ်မှုကြောင့် ဘယ်ဘက်ချိုင်းအောက်သို့ ကျည်ဆန် ဖောက်ဝင်ထိမှန်ကာ အသက်ပေးကျဆုံးခဲ့သည်အထိ ရဲရဲဝံ့ဝံ့ဖြင့် ရန်သူအား ထိခိုက်ကျဆုံးမှုများပြားအောင် တိုက်ခိုက်ခဲ့သဖြင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့သော ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးအား နိုင်ငံတော်မှ သူရဘွဲ့ချီးမြှင့်ခဲ့ပါသည်။
(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါတယ်)
တိုက်ပွဲသတင်းစုံ
