KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ပစ္စည်းများအား ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း (၃)နယ်မြေမှ တရားမဝင်အဆောက်အအုံ(၁၂)လုံးကိုထပ်မံဖြိုချဖျက်ဆီးခဲ့ရာ KK Park နယ်မြေရှိ တရားမဝင်အဆောက်အအုံ(၆၃၅)လုံးအနက် (၃၃၃) လုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
.
အလားတူ ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ခဲ့သည့် အဆောက်အအုံ(၁၆၉)လုံးအား ပြန်လည်အသုံးချမှုမရှိစေရေးအတွက် ချိပ်ပိတ်သိမ်းဆည်းမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက်အထိ (၁၆၁)လုံးကိုချိပ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သိရသည်။
(Truth Waves)
တိုက်ပွဲသတင်းစုံ








