သူ့အမည်က ဗိုလ်မှူးချုပ် သူရ အောင်အောင်..
ဗိုလ်မှူးချုပ် သူရ အောင်အောင်ကို ၁၉၇၄ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၌ မွေးဖွားခဲ့ပါသည်။ ၁၉၉၂ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃၇)သို တက်ရောက်ခဲ့ပါသည်။
၁၉၉၆ ခုနှစ်မှ ယနေ့အထိ ပျံသန်းရေးအုပ်များ၊ လေတပ်စခန်း၊ လေတပ်စခန်းဌာနချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ အရာရှိချုပ်ရုံးတိုတွင် အုပ်လေသူရဲ၊ နည်းပြအရာရှိ၊ တပ်မှူး၊ ဌာနမှူး၊ စစ်ဦးစီးမှူး (တတိယတန်း)၊ စစ်ဦးစီးမှူး(ပထမတန်း)၊ အုပ်စုမှူး၊ ဒုတိယဌာနချုပ်မှူး၊ ထမ်းဆောင်လျက်ရှိပါသည်။
မကွေးလေတပ်စခန်းဌာနချုပ်၌ တပ်မှူး၊ အုပ်ချုပ်ရေးတပ်တာဝန် ထမ်းဆောင်စဉ် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရွှေလင်းယုန်စစ်ဆင်ရေး၌ လဂျားယန်ဒေသရှိ ပွိင့် ၇၇၁ တောင်ကုန်းတွင် ရန်သူနှင့် မိမိတပ် ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိပါသည်။
ထိုသို့တိုက်ပွဲဖြစ်ပွားလျက်ရှိသောကြောင့် မိမိတပ်အတွက် လက်နက်၊ ခဲယမ်းနှင့်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိသည့် အပြင် တိုက်ပွဲဝင်စစ်သည်အချိုသည်လည်း ထိခိုက်ဒဏ်ရာများရရှိထားကြပါသည်။ ထိုသိုအရေးပေါ် လိုအပ်ချက်များ ရှိစဉ်တွင် ရဟတ်ယာဉ်မှူး၊ ဒုတိယဗိုလ်မှူးကြီးအောင်အောင်ဦးစီး အရာရှိ၊ စစ်သည် ၇ ဦးတိုသည် မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်မှ လက်နက်တပ်ဆင်ထားခြင်း မရှိသော အမ်အိုင်-၁၇ ရဟတ်ယာဉ်ဖြင့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများကိုသယ်ဆောင်ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ပွိင့် ၇၇၁ တောင်ကုန်းသို့ ရန်သူအခြေပြု ထားသော တောင်ကုန်းများကြားမှဝင်ရောက်ကာ ဆင်းသက်ပို့ဆောင်ခဲ့သည်။
အရာရှိ/စစ်သည်များအား ရန်သူ၏ပစ်ခတ်မှုခံရနိုင်သည်ကို သိလျက်ပင် စွန့်လွှတ်စွန့်စားစွာဖြင့် မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်သို့ ပြန်လည်သယ်ယူပိုဆောင်ပေးခဲ့ပါသည်။ ၎င်းအပြင် ၁၇-၁-၂၀၁၃ ရက်တွင် ဒေါ့ဖုန်းယန် အမြောက်စခန်းမှ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက် ၂ လက်အား ချိတ်ဆွဲပျံသန်းလျက် ရန်သူပစ်ခတ်နေသည့်ကြားမှပင် မိမိတပ်စခန်းရှိရာ မံသဲကျေးရွာအနီးရှိ ကုန်းပေါ်သို ၂ ကြိမ်ပိုဆောင်ပေးခဲ့သည့်အပြင် အမြောက်ဗျူဟာမှူး၊ အဖွဲသားများကို လိုအပ်သောခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ပိုဆောင်ပေးခဲ့ပါသည်။
ထိုကြောင့် ဒုတိယဗိုလ်မှူးကြီးအောင်အောင်အား နိုင်ငံတော်မှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် သူရဘွဲကို ထိုက်တန်စွာချီးမြှင့်ခဲ့ပါသည်။
လက်ရှိတွင် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ အရာရှိချုပ်ရုံးတွင် လေကြောင်းရန်ကာကွယ်ရေးဌာနမှူး(လေ) တာဝန်ကို ထမ်းဆောင်လျက်ရှိပါသည်။
(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါတယ်)
#crd
