စစ်သူရဲများအကြောင်း (၄)

သူ့အမည်က ဗိုလ်ကြီး သူရ ခွာလျံမန်း

ဗိုလ်ကြီး သူရ ခွာလျံမန်းကို ၃-၁၂-၁၉၆၆ ရက်တွင် လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ မွေးဖွားခဲ့ပါသည်။ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၃၁)တွင် သင်တန်းတက်ရောက်ခဲ့ပြီးနောက် တပ်စုမှူး၊ လုံခြုံရေးတပ်စုမှူးနှင့် စစ်ဦးစီးမှူး(တတိယတန်း)တာဝန်များကို ခြေလျင်/ခြေမြန်၊ တပ်ရင်း/တပ်ဖွဲ့များနှင့် တိုင်းစစ်ဌာနချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဗိုလ်ကြီးခွာလျံမန်းသည် ခမရ(၁၀)တွင် လုံခြုံရေးတပ်စုမှူးတာဝန် ထမ်းဆောင်စဉ် ၁၄-၃-၁၉၉၂ ရက်၌ ပွိုင့် ၄၀၄၄ အနောက်ဘက်တောင်ခြေရန်သူ့အခြေပြုနေရာ လိပ်ကျောကုန်း (အိပ်ခ်ျ——-) ရန်သူ့နေရာအား ဗိုလ်ကြီး ခွာလျံမန်းဦးစီး လက်ရွေးစင်တပ်စုဖြင့် ရန်သူများ အဆက်မပြတ်ပစ်ခတ် နေသည့်ကြားမှ မိမိအသက်ကိုပဓာနမထားဘဲ အထက်က ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာဖြင့် ရည်မှန်းချက်နေရာအား မဆုတ်မနစ်သောဇွဲဖြင့် လက်နက်ကြီး ပစ်ကူပစ်ရယူ၍ အဆင့်ဆင့်သိမ်းပိုက်နိုင်ခဲ့ကာ ဗိုလ်အဆင့်မှဗိုလ်ကြီးအဆင့်ဖြင့် စစ်မြေပြင်ရာထူးတိုးရရှိခဲ့ပြီး နိုင်ငံတော်မှ သူရဘွဲ့အား ထိုက်တန်စွာချီးမြှင့်ခဲ့ပါသည်။

၁၉၉၆ ခုနှစ်တွင် တပ်မတော်မှ မသန်စွမ်းဖြင့် အငြိမ်းစားယူခဲ့ပါသည်။

(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါတယ်)

တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *