စစ်သူရဲများအကြောင်း (၃)

သူ့အမည်က ဗိုလ်ကြီး သီဟသူရ စွမ်းရည်အောင်

ဗိုလ်ကြီး သီဟသူရ စွမ်းရည်အောင် ကို ၁-၆-၁၉၈၈ ရက်တွင် ဝင်္ကဘော်ကျေးရွာ၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီးတွင် မွေးဖွားခဲ့ပါသည်။ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၁)တွင် သင်တန်းတက် ရောက်ခဲ့ပြီး တပ်စုမှူး၊ တပ်ခွဲမှူးတာဝန်များကို အမှတ် (၁၀၉)ခြေမြန်တပ်ရင်း ၌ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

အရာရှိသည် အမှတ်(၁၀၉) ခြေမြန်တပ်ရင်းတွင် တာဝန်ထမ်းဆောင်စဉ် ပွိုင့် ၂၂၀၂ တောင်ကုန်းခန့်မှန်း (အမ်ဂျီ——-) အား တိုက်ခိုက်သိမ်းပိုက်ရာတွင် အဓိကတိုက်ခိုက်ရေးကွန်မန်ဒို တပ်စိတ် ၂ စိတ် အား ဦးဆောင်ကွပ်ကဲကြပ်မတ်ခဲ့ပြီး ရန်သူမှ မြေအနေအထား အသာစီးရယူ ကာ ခံစစ်ဆင်နေရာယူနေသည်ကို ကျောက်ကမ်းပါးယံများအား တွယ်ကပ်၍ ခက်ခက်ခဲခဲဖြင့် ရှေ့ဆုံးမှ ဦးဆောင်ချီတက်တိုက်ပွဲဝင်ခဲ့သူဖြစ်ပါသည်။

၁၃-၅-၂၀၁၅ ရက် နံနက်စောစောတွင် ပထမနောက်ဆုံးနေရာ(၇၇၃၂၇)အား သိမ်းပိုက်နိုင်ခဲ့ပါသည်။ ရန်သူပစ်အားလျော့ကျသွားချိန်တွင် ရန်သူ့ဆင်နှာမောင်းကြောအား တစ်ဟုန်ထိုးပြေးတက် လုံးထွေးတိုက်ခိုက်ခဲ့ပြီး ရရှိသည့်မြေအနေအထားပေါ်တွင်အသုံးချ၍ ဒုတိယကျောက်တုံးအား သိမ်းပိုက်ရရှိခဲ့ပါသည်။

ထို့နောက် ဆင်ဦးကင်းသည် စစ်ဗျူဟာအရ အလွန်အရေးကြီးသောမြေဖြစ်ပြီး ဆင်ဦးကင်းသိမ်းပိုက်ပြီးချိန်တွင် ရန်သူ့ပင်မကုန်းအား အပြီးအပိုင်ချေမှုန်းနိုင်ရေးအတွက် မီးကျည်ပစ်ခတ်၍ မီးအလင်းရောင်အောက်တွင် ရန်သူအား ဦးနှိမ်ပစ်ခတ်ခဲ့ပါသည်။

ဆင်ဦးကင်းနှင့် ပင်မကုန်းကြား ရန်သူနှင့် မိမိနှစ်ဖက်စလုံးရှိနေချိန်တွင် ရန်သူအား ရှာဖွေပစ်ခတ်နိုင်ရေး ရဲဝံ့စွန့်စား သည့်အပြင် မိမိအသက်ကို ပဓာနမထားဘဲ အပြီးသတ်တိုက်ပွဲဝင်ရန် ဆောင်ရွက်နေစဉ်(အမ်ဂျီ——)တွင် ရန်သူ့လက်နက်ငယ်ကျည် ထိမှန်ကျဆုံးခဲ့ရပါသည်။

နိုင်ငံတော်နှင့်တပ်မတော်အပေါ် မိမိအသက်ခန္ဓာအား ပေးဆပ်ထားသူပီပီ ရင်ဆိုင်ကြုံတွေ့သောအခက်အခဲအား စွန့်လွှတ်စွန့်စားသည့်စိတ်ဖြင့် စံနမူနာပြတိုက်ပွဲဝင်ခဲ့ခြင်းတို့ကြောင့် သီဟသူရဘွဲ့အား ထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခံခဲ့ရပါသည်။

(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါတယ်)

တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *