စစ်သူရဲများအကြောင်း (၂)

သူ့အမည်က ဗိုလ်မှူး သီဟသူရ စိုးသူရ..

ဗိုလ်မှူး သီဟသူရ စိုးသူရကို ၁၉၈၆ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၌ မွေးဖွားခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၄၈)သို့ တက်ရောက်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ် ၂၀၂၄ ခုနှစ်အထိ ခြေလျင်/ ခြေမြန်တပ်ရင်းများ၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်းတို့တွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ အထက်တန်းနည်းပြ တာဝန်များကို အဆင့်ဆင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အမှတ်(၅၇) ခြေလျင်တပ်ရင်းတွင် ဒုတိယတပ်ရင်းမှူးတာဝန်ထမ်းဆောင် လျက်ရှိပါသည်။

အမှတ်(၃၁၉)ခြေမြန်တပ်ရင်းတွင် တပ်ခွဲမှူးတာဝန်ထမ်းဆောင်စဉ် ၇-၁၂-၂၀၂၂ ရက်တွင် ဗိုလ်ကြီးစိုးသူရ ဦးစီး ၁ ခွဲ (၁ စိတ်လျော့သည် ကုန်းသာကျေးရွာအရှေ့တောင်ဘက်သို့ ရဟတ်ယာဉ်ဖြင့် ဆင်းသက်ခဲ့ပြီး ကုန်းသာရွာ၏ မြောက်ဘက်တွင် ရဟတ်ယာဉ်ဖြင့် ဆင်းသက်ခဲ့သည်။

ကုန်းသာဘုန်းကြီးကျောင်းတွင် အခြေပြုနေသော ရန်သူများအား ဗိုလ်ကြီးထက်မြတ်အောင် ဦးစီး ခွဲရုံး ၁ စုသည် ကုန်းသာဘုန်းကြီးကျောင်းတွင် အခြေပြုနေသောရန်သူများအား တိုက်ခိုက်ရာတွင် ရှေ့သို့ဆက်မတိုးနိုင်သဖြင့် စာသင်ကျောင်း၌ ခြေကုပ်ယူ၍ ဘုန်းကြီးကျောင်း၏တောင်ဘက်မှတစ်ဆင့် MI-35 ၏ ပစ်ကူပေးတိုက်ခိုက်မှုဖြင့် ရဲရဲဝံ့ဝံ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကုန်းသာဘုန်းကြီးကျောင်းကို ရရှိခဲ့သည်။ ဘုန်းကြီးကျောင်းအတွင်းမှ လက်နက်/ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သည်။

ဗိုလ်ကြီးစိုးသူရသည် ဒုတိယတပ်ရင်းမှ ရင်းမှူး ဗိုလ်မှူးချမ်းငြိမ်းကျော် ဦးစီး စက(၂)ရုံး၊ ၂ ခွဲနှင့်အတူ ဘုန်းကြီးကျောင်း၌ အခြေပြုစဉ် TNLA/AA သောင်းကျန်းသူ အင်အား ၂၀၀ ဦးခန့် ၃ ည ၄ ရက်တိုင်တိုင် နေ့၊ ည လုံးထွေးတိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း အခြေပြုနေရာအား ရန်သူ့လက်ဝယ်ကျရောက်မှုမရှိစေရေး မိမိတပ်ခွဲမှ စစ်သည်များအား ဦးဆောင်၍ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သည်။

ဗိုလ်ကြီးစိုးသူရသည် ဒုတပ်ရင်းမှူးနှင့်အတူ ကုန်းသာဘုန်းကြီးကျောင်းမှတစ်ဆင့် ဆုံရပ်နေရာသို့ ခွာစစ်ဆင် ဆုတ်ခွာရာတွင် ကုန်းသာရွာမြောက်ဘက်ထိပ်တွင် TNLA သောင်းကျန်းသူအင်အား ၁၀၀ ဦးခန့်မှ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ဒုတပ်ရင်းမှူးဦးစီးအဖွဲ့အား ဖောက်ထွက်နိုင်ရေး ပြင်းထန်စွာခုခံတိုက်ခိုက်ပေးခဲ့ပြီး ဒုတပ်ရင်းမှူး ဦးစီးအဖွဲ့နှင့် အဖွဲ့ ၂ ဖွဲ့ကွဲသွားချိန်တွင် ၎င်းဦးစီး တပ်ခွဲ၌ အင်အား(၃+၄၄) ဦးတွင် လူနာ ၁၁ ဦးပါရှိခဲ့ကာ ဆုတ်ခွာရာတွင် ရန်သူမှ အဆင့်ဆင့်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နောက်ကျော လက်နက်ငယ် ထိမှန်ဒဏ်ရာရရှိခဲ့သည်။

သို့သော်လည်း သယ်ဆောင်လာသည့် ရန်သူ့လက်နက်/ခဲယမ်းများဖြင့် ထိုးဖောက်တိုက်ခိုက်ခဲ့ပြီး ဆုံရပ်နေရာသို့ ဦးဆောင်ကွပ်ကဲ၍ ၁၅-၁၂-၂၀၂၂ ရက်တွင် အောင်မြင်စွာပူးပေါင်းနိုင်ခဲ့ပါသည်။

ထို့ကြောင့် ဗိုလ်ကြီးစိုးသူရအား စစ်ရေးစွမ်းရည်ထူးချွန်မှုကြောင့် အထူးကိစ္စရပ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ဗိုလ်မှူးအဆင့်သို့တိုးမြှင့်ပေးခဲ့ပြီး နိုင်ငံတော်က သီဟသူရဘွဲ့ကို ထိုက်ထိုက်တန်တန်ချီးမြှင့်ခဲ့ပါသည်။

(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါတယ်)

တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *