


ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့်တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မြောင်းမြမြို့နယ်၊ စကားမြားကျေးရွာမှ ပြန်လည်ထွက်ခွာ၍ မွန်းလွဲ ပိုင်းတွင် လပွတ္တာမြို့နယ်သို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်း သောင်းဖြဖြကြိုဆိုနှုတ်ဆက် ကြသည်။
အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် လပွတ္တာမြို့နယ်၊ ထွန်းတံတားဆိပ်ခံ၌ အခြေပြု၍ အဆိုပါမြို့နယ်နှင့်ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူ ၅၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ မှုဆိုင်ရာရောဂါ ၂၆၈ ဦး၊ ခွဲစိတ်ရောဂါ ၂၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၁ ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၆၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၉ ဦး၊ မျက်စိရောဂါ ၄၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေ ခွဲစိတ်လူနာ ၁ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၈ ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်
