ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ခိုင်ဘာပတ်တန်ခွာပြည်နယ်၏မြို့တော် ပက်ရှဝါမြို့၌ နယ်မြေခံ ရဲတပ်ဖွဲ့ဌာနချုပ်တစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားရာ အနည်းဆုံးလူသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
တိုက်ခိုက်မှုသည် နိုဝင်ဘာလ ၂၄ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်သူသည် ရဲတပ်ဖွဲ့ ဌာနချုပ်၏ အဓိကဝင်ပေါက်၌ ကိုယ့်ကိုယ်ကိုယ်အသေခံဗုံးခွဲခဲ့ခြင်းဖြစ်ပြီး အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်သမားနှစ်ဦးသည် ရဲတပ်ဖွဲ့ဌာနချုပ်သို့ ဝင်ရောက်လာကြောင်း၊ သို့သော် အစောင့်တာဝန်ကျတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများကို ပစ်ခတ်ချေမှုန်း လိုက်နိုင်ကြောင်းနှင့် အကြမ်းဖက်သမားနှစ်ဦးအနက် တစ်ဦးသည် နောက်ထပ်အသေခံ ဗုံးခွဲတိုက်ခိုက်သူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူးက ဆက်ပြောသည်။
crd/pan
