မိတ္ထီလာမြို့နယ်၊ ဓမ္မပါလကျေးရွာရှိ ဘဝသစ်မျက်မမြင် ပညာသင်ကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မသန်စွမ်းသူများ ကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မျက်မမြင်စာဖြင့် အထူးပြုလုပ်ထားသည့် မဲပေးစက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိပြီး မျက်မမြင်စာဖြင့် အထူးပြုလုပ်ထားသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များ အသုံးပြု၍ စမ်းသပ်မဲပေးခြင်းကို ဘဝသစ်မျက်မမြင်ကျောင်းနှင့် ရှေ့ဆောင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ (၃၀) က လက်တွေ့စမ်းသပ် မဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
News
