အကြမ်းဖက်လက်နက်ကိုင်/ PDF များမှ အပြစ်မဲ့ပြည်သူသွားလာရာ နေရာများတွင် မိုင်းထောင်မှုများ

-အောက်တိုဘာ ၂၅ ရက် ၁၁၅၀ နာရီတွင် လားရှိုးမြို့နယ်၊ ကုန်းမုံကျေးရွာနေ ဦးဉာဏ်နိမ်(၅၁)နှစ်သည် မိသားစုနှင့်အတူ ပုဗ္ဗသီရိ မြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၌ စစ်ရှောင်အဖြစ် နေထိုင်ခဲ့ပြီးနောက် ကုန်းမုံကျေးရွာရှိ ၎င်းတို့၏ နေအိမ်သို့ ပြန်လည်ရောက်ရှိနေထိုင်ကာ နေအိမ်အတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် အိပ်ခန်းအတွင်းရှိ စောင်ဖြင့်ထုပ်ပိုးထားသော MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ကျန်ရှိခဲ့သည့် ဗုံးသီးဟောင်း ၁ လုံးအား စိုင်းကွမ်လောင်မှ စောင်အားဆွဲထုတ်စဉ် ဗုံးသီးမှာ ပြုတ်ကျ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဦးဉာဏ်နိမ်၏ ဇနီးဖြစ်သူ ဒေါ်အေးကျန် (၄၆)နှစ်တွင် ဝဲ/ယာခြေထောက်ဗုံးစထိမှန်ဒဏ်ရာ၊ စိုင်းကွမ်လောင်(၁၆)နှစ်တွင် ဝဲ/ယာခြေထောက် ဗုံးစထိမှန်ဒဏ်ရာ၊ စိုင်းအမ်း(၁၄)နှစ်တွင် ယာခြေထောက်ဗုံးစထိမှန်ဒဏ်ရာ၊ စိုင်းနွမ်းလင်း (၇)နှစ်တွင် မျက်နှာ၊ ဝဲခြေထောက် ဗုံးစထိမှန်ဒဏ်ရာတို့ ရရှိခဲ့သဖြင့် လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း သိရှိရသည်။

-အောက်တိုဘာလ ၂၄ ရက် ၂၁၀၀ နာရီတွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သော ဇော်မျိုးထွန်း(၂၇)နှစ်သည် ရွှေဘိုမြို့နယ်၊ အိုးဘိုကျေးရွာအနီးသို့ ရောက်ရှိနေသည့် ကံရာမင်း ယာဉ်လိုင်းမှ ယာဉ်မောင်းများအား ထမင်းနှင့် ရေသန့်ဘူးများ သွားရောက်ပို့ဆောင်စဉ် မင်းကုန်းကျေးရွာရှိ မူးတံတားအရောက်၌ တံတားအား ဝါးလုံးများဖြင့် ပိတ်ဆို့ထားသဖြင့် ဖယ်ရှားစဉ် PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ရာ ဇော်မျိုးထွန်းတွင် နောက်ကျောမိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

-အောက်တိုဘာ ၂၅ ရက် ၂၁၀၀ နာရီတွင် ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသို့ PDF အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်လုပ်ရှော့တိုက်ဒုံး ၁ လုံးသည် စီမံကိန်း အတွင်းရှိမြေကွက်လပ်၌ ကျရောက်ပေါက်ကွဲရာ ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *