(ဒီသတင်းတွေ တက်နေပါတယ်.. သတိထားနိုင်ဖို့ပါ) မြေပြင်မှာ အကြမ်းဖက် AA တွေ ခွေးပြေးဝက်ပြေး ပြေးနေရတာတော့ အမှန်ပဲ….
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းရှိ နတ်ရေကန်တောင် ဗျူဟာစခန်းကုန်း အား တိုက်ခိုက်နေသည့် AA အဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးရင်း ပွင့်ဖြူမြို့နယ်အတွင်းသို့ PDF အဖွဲ့နှင့် ပေါင်းကာ ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်က AA/PDF ပူးပေါင်းအဖွဲ့များသည် ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာ နှင့် ညောင်ပင်ဝိုင်းကျေးရွာ များသို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။ ထို့နောက် အောက်တိုဘာလ ၁၉ ရက်၌ AA/PDF ပူးပေါင်းအဖွဲ့ အင်အား (၇၀) ဦးခန့်သည် မလွှကုန်းကျေးရွာသို့ ထပ်မံဝင်ရောက်လာပြီး ည ၈ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ပေတောကျောင်းကုန်းကျေးရွာသို့ ရောက်ရှိလာပြီး ရွာ၏မြောက်ဘက်၌ ဒရုန်းများ စမ်းသပ်မောင်းနှင်နိုင်ရန် စီစဥ်ခဲ့ကြောင်း သိရသည်။
တပ်မတော်သည် နတ်ရေကန်တောင် ဗျူဟာစခန်းကုန်း အား တိုက်ခိုက်နေသည့် AA/PDF ပူးပေါင်းအဖွဲ့ များကို တန်ပြန်ထိုးစစ်ဆင်နေပြီး စခန်း၏ မီတာ ၈၀၀၀ ဝန်းကျင်အား အပြီးသ-တ်ထိန်းချုပ်ထားနိုင်ပြီး AA အဖွဲ့စခန်းများကို သိမ်းပိုက်ထားနိုင်ကာ ဂုတ်ကြီးကျေးရွာရှိ AA အဖွဲ့ ဒရုန်းလွှတ်တင်ရာ စခန်းကိုများကိုပါ သိမ်းပိုက်ထားနိုင်သည့်အတွက် AA/PDF ပူးပေါင်းအဖွဲ့များသည် နယ်မြေချင်းထိစပ်ရာ PDF ထိန်းချုပ်နယ်မြေများသို့ ဆုတ်ခွာထွက်ပြေး လာခြင်းဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတွင် AA/PDF ပူးပေါင်းအဖွဲ့ သည် မဲဇလီကျေးရွာ နှင့် ကျောင်းကုန်းကြီးကျေးရွာ ကြားရှိ ကျေးရွာများတွင် ခိုအောင်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် AA/PDF ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ် အစပ်ရှိ ကျေးရွာများတွင်လည်း အထိုင်ချနေထိုင်လျက်ရှိကြောင်း သိရသည်။
MFG media
