နိုင်ငံတကာထူးခြားသတင်းများ
-ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ကုလ ၌ မိန့်ခွန်းပြောရာတွင် ၁၉၁၄ ခုနှစ်က ပထမကမ္ဘာစစ်ဖြစ်ရခြင်းသည် ရုရှားပရောဂ မကင်း ကြောင်း ၊ ဒုတိယကမ္ဘာစစ် ဖြစ်ရခြင်းသည်လည်း စတာလင် နှင့် မကျူးကျော်ရေးစာချုပ် ချုပ်ခဲ့၍ ဟစ်တလာက နောက်ကြောလုံစွာဖြင့် ဥရောပကို ဝင်တိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယ္ခုလည်း စစ်သည်အင်အား၁၃၅၀၀၀ ထပ်မံဆင့်ခေါ်၍ တတိယကမ္ဘာစစ်ဖြစ်ရန် ရုရှားက အစပြိုးနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
-ရုရှားမှ အိန္ဒိယသို့သွားသော ရေနံတင်သင်းဘောကြီးတစ်စင်းကို ပြင်သစ်ကဖမ်းဆီးစစ်ဆေးနေသည်၊ ပြင်သစ်ကောင်းကင်ယံ၌တက်လာသောဒရုန်းအချို့သည် ထိုရေနံတင်သင်းဘောမှလာသည်ဟု မသင်္ကာ၍ဖြစ်သည်။
-တောင်ကိုးရီးယားသည် အမေရိကန်၌ ဒေါ်လာဘီလျံ ၃၅၀ ဘိုးရင်းနှီးမြုပ်နှံရန်ရှိရာ ငွေသား ဘီလျံ ၃၅၀ ယူလာရန် ထရန့်ကပြော၍ အခက်တွေ့နေသည်။
-မလေးရှားရောက် NLD အမာခံ မူဆလင်ဘာသာဝင် ဒေါ် သူဇာမောင် မိသားစု ၅ ဦး လူတစုကခေါ်သွားပြီး နောက် ကား ပါပျောက်ဆုံးနေ၍ မလေးရှားရဲကစုံစမ်းနေသည်။
ပြည်တွင်းထူးခြားသတင်းမှာ –
-သာစည် ၊ ဝမ်းတွင်း ၊ ရွာငံ ၃ နယ်အစပ် PDF လက်နက်တိုက် ၊ လက်နက်မျိုးစုံ ၇၄ လက်နှင့်ဆက်စပ်ပစ္စည်းများ တပ်က ဖမ်းမိသည်။
-တပ်မတော်စစ်ကြောင်း သည် ဖရုဆို အထိရောက်ရှိပြီး နယ်မြေရှင်းလင်းနေသည်။
-ရေဦး တန့်ဆည် တပ်စစ်ကြောင်း ၂ ကြောင်းခွဲရှင်းလင်းနေပြီး ရွှေဒ အောင်သာ ခပေါင်းချိုင် ရွာများ နယ်မြေစိုးမိုးနိုင်ခဲ့သည်။
-နတ်ရေကန် ကာကင်း ဂုတ်ကြီးစခန်း တိုက်ပွဲပြင်းထန်နေပြီး တပ်မှ Y – 12 ၊ Y – 8 နှင့် ဂျက်ဖိုက်တာများသုံးကာ အင်အားရာချီဖြည့်တင်း တိုက်စစ်ဆင်နေသည်။
-ပလောင်သူပုန် တို့၏ မန်တုံ နှင့် နမ္မတူ ရှိ နောက်တန်းစခန်းများ ဗုံးကြဲရာ သူပုန် ၈ ဦးသေ ၆ ဦးဒဏ်ရာရသည်။
