၁၆-၉-၂၀၂၅ ရက်နေ့ ၀၆၅၀ အချိန်တွင် ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရဲစခန်း၏အနောက်တောင်ဘက် ၂ ဖာလုံခန့်အကွာ ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ဆူးလေဘုရားလမ်း၊ မြို့တော်ခန်းမအပြင်ဘက်တွင် ကာရံထားရှိသည့် ဘယ်ရီဂိတ်အောက်တွင် ဗုံးပေါက်ကွဲကြောင်းသတင်းအရ အဆိုပါနေရာသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ဗုံးပေါက်ကွဲမှုကြောင့်လူထိခိုက်မှုနှင့် ပစ္စည်းဆုံးရှုံးမှုမရှိကြောင်း၊ အဆိုပါနေရာအား လူအသွား အလာကန့်သတ်ထားရှိခဲ့ကြောင်း သိရှိရပါတယ်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပဖို့ အချိန် နီးကပ်လာသည်နှင့်အမျှ တည်ငြိမ်အေးချမ်းမှု ကို မလိုလားတဲ့ အကြမ်းဖက်သမားတွေဟာ ပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်ပြီး ဗုံးဖောက်ခွဲမှုတွေနဲ့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေကြကြောင်း သိရှိရပါတယ်။
(ခင်ညိုချော)
