နိုင်ငံတကာထူးခြားသတင်းမှာ –
-ယူမေးနီးယား လေပိုင်နက်အတွင်း ရုရှားဒရုန်း ၃ စင်းဖြတ်ပျံသဖြင့် F – 16 တိုက်လေယာဥ်များစေလွှတ်ခဲ့ရသည်။
-မိမိတို့လက်ဝယ်ရှိ မစ်ဇိုင်း များသည် အမေရိကန် မြို့အားလုံးကို ပစ်ခတ်နိုင်သောအကွာအဝေးအတွင်းရှိကြောင်း ဗင်နီဇွဲလား သမ္မတက သတိပေးပြောဆိုသည်။
-အရှေ့အလယ်ပိုင်းတွင် အကြီးဆုံးအမေရိကန်စစ်စခန်းကို လက္ခံထားသော ကာတာနိုင်ငံက ဒိုဟာဟိုတယ်အစ္စရေးတိုက်ခိုက်မှု့အပြီး အမေရိကန်နှင့်ဆက်ဆံရေးဖြတ်တောက်မည်ဟုပြောသည်။
-အင်္ဂလန်တွင် အစ္စလန်ဥပဒေပြဌာန်းပေးရန် မွတ်ဆလင်များဆန္ဒပြမှု့ပေါ်ပေါက်ခဲ့ပြီး သတင်းထောက်တစ်ဦးက အဘယ်ကြောင့်ဆန္ဒပြသည်ကိုမေးမြန်းရာ ဗြိတိန် လူဦးရေ၏ထက်ဝက်ကျော် မူဆလင်ဖြစ်နေပြီဖြစ်၍ ရှာရီယာဥပဒေ ပြဌာန်းရမည် ဟု ဆန္ဒပြမွတ်ဆလင်တစ်ဦးက ဖြေကြားသည်။
ပြည်တွင်းထူးခြားသတင်းမှာ –
-ဖြူးမြို့နယ် ကျောက်တိုင်ကျေးရွာ ဒေသခံများသတင်းပေးချက်အရ ဘုန်းကြီးတု သန်းလွင်သည် RLG လိုင်စင်မဲ့ကားဖြင့် လက်နက်ငယ် ၉ လက် နှင့် ကျည်များ သယ်လာရာ ဖမ်းမိပြီး ၎င်းပို့ဆောင်မည့် အမြန်လမ်း ၁၂၇/၆ သို့ တပ်မှ ရှင်းလင်းရာ PDF အချို့နှင့်တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ပစ်ခတ်မှု့ကြား၌ သန်းလွင်သေသည်။
-ပင်းတယမြို့ စျေးတန်းရပ် တွင် ၂၀၂၂ ခုနှစ် က PDF တို့ သတ်ဖြတ်ခံရသော ကြံ့ခိုင်ရေးအမတ် ဦးကျော်ငြိမ်း ၏ ဇနီးဖွင့်ထားသည့်ရွှေဆိုင်ကို လူတစ်ဦး ဒါမြတိုက်ရာ ချော်လဲ၍ သေနပ်ကွဲသွားသဖြင့် ကော်သေနပ်မှန်း သိပြီး ဝိုင်းဝန်းဖမ်းဆီးရမိသည်။
-မန္တလေးတွင်ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြစာရွက်များကြဲသူ ၄ ဦးဖမ်းမိသည်။
-တနင်္သာရီ မောတောင် သိန်းခွန်ရွာအနီး KNU နှင့်တိုက်ပွဲဖြစ်ရာလေကြောင်းဗုံးကြဲ၍ သူပုန်အများအပြားသေသည်။
