ဒုတိယဆုရရှိခဲ့သည့် လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား ဒေါ်လာ ၈၀၀၀၀ ထပ်မံဂုဏ်ပြု

ဗီယက်နမ်နိုင်ငံတွင် ဩဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်ဒေါ်လာ ၈၀၀၀၀ ထပ်မံပေးပို့ ချီးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားကို သြဂုတ်လ ၂၄ ရက်၊ ည ၇ နာရီတွင် ရန်ကုန်မြို့ Novotel Hotel Max ရှိ ပြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဂုဏ်ပြုဆုငွေများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဗိုလ်ချုပ်မှူးကြီးကိုယ်စား ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အလားတူ လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း မြန်မာအမျိုး သမီးဘောလုံးအသင်း အောင်မြင်မှု ချန်ပီယံဆုရယူပြီး ထိုင်းနိုင်ငံတွင် နိုင်ငံတော်သီချင်းနှင့်အတူ အမိမြန်မာနိုင်ငံတော်၏ အလံကို အလံတိုင်ထိပ်အထိ လွှင့်ထူနိုင်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *