ကမ္ဘောဒီးယားနဲ့ ထိုင်းတိုဟာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန်သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ Donald Trump က ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြောကြားခဲ့သော်လည်း အငြင်းပွားနယ်စပ်တစ်လျှောက် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း CNN က ဖော်ပြခဲ့ပါတယ်။
Trump မှ သတိပေးပြောကြားမှုရှိခဲ့သည့်တိုင် ထိုင်းစစ်ဘက်ဟာ ကမ္ဘောဒီးယားနိုင်ငံအပေါ် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Maly Socheata က ပြောကြားခဲ့ပါတယ်။
တိုက်ပွဲများကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရကာ ၂၀၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာခဲ့ရကြောင်းလည်းသိရပါတယ်။ #crd
