မိုးကုတ်ကို ဦးတည် စစ်ချီ

မနေ့ညMIG – 29 တစီးရဲ့
Night Flight က
မိုးကုတ်မြေမှာဝဲဖို့ တက်သွားပြီ။

တကယ်တော့ မိုးကုတ်ဆိုတာ
ပလောင်ကို သပြေပန်းတွေနဲ့ကြိုပြီး
တပ်မတော်သားတွေကို
အိမ်ထဲမှာ ဓားနဲ့ ဝိုင်း ခု-တ်တဲ့ မြို့။

တနှစ်ကျော် ပလောင်နဲ့အတူနေပြီးမှ
အမေကျော် ဒွေးတော်လွမ်းတာကိုမြင်၊
အသိနဲ့သတိဝင်လာတဲ့ မြို့ဆိုပေမယ့်

ပတ္တမြားကိုဖင်ခုထိုင်နေတဲ့
ပလောင်ကလောဘဇော မ သ-တ်ပဲ
မြို့ကို ဖက်တွယ် နေပြန်သေးတယ် ။

နောင်ချို ကျောက်မဲ သီပေါအတွက်
တောင်ခမ်းကအခြေပြုပြီး ရ.မ.ခ ရဲ့
သားကောင်းတွေ စစ်ဘီလူးစီးပြီးပြီမို့

မတ္တရာ နဲ့ မိုးကုတ်က
လ.ပ.ခ ရဲ့ သားကောင်းတွေ
လက်စွမ်းပြရမယ့် အလှည့်ပါပဲ။

ဒီတော့
မတ္တရာ-စဥ့်ကူးတကျော ၊
တွင်းငယ်-သပိတ်ကျင်းတကျောက
မိုးကုတ်ရဲ့တံခါးကိုခေါက်မယ့်
အိမ်ပြန်လမ်းတွေ ဖြစ်လာပါလိမ့်မယ်။

ဒါတွေမတိုင်ခင်
ဧက ၆၀၀  ရွှေတွင်းတွေနဲ့
ဇရပ်ကွင်း-ဖော့​တောကြားမှာ
အစုအဖွဲ့နဲ့ ခွဲတမ်းစောင့်နေတဲ့
တော်လှန်ရေးအမည်ခံတွေကိုလဲ
သတိတရ ရှိဖို့လိုပါတယ် ။

မနက်မိုးလင်းရင်တော့
လွေးယေဦးတို့ရဲ့မိုးကုတ်က
ပြည်သူစစ်စစ်ဆိုတဲ့ ဗြောင်လိမ်ဗြောင်စားသံတွေကိုတော့ မြင်ရပါလိမ့်ဦးမယ်

▪️ထူးမောင်-ဖန်ခါး​​မြေ

Leave a Reply

Your email address will not be published. Required fields are marked *