ဇွန်လအတွင်းသေဆုံးခဲ့သည့် အကြမ်းဖက်လက်နက်ကိုင် သေဆုံးစာရင်းများ

၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းမှာ အကြမ်းဖက် PDF, EAOs တွေရဲ့ သေဆုံး၊ ဒဏ်ရာရ၊ အရှင်မိ၊ အလင်းဝင် စာရင်းများအား ဖော်ပြအပ်ပါတယ်။

အကြမ်းဖက်သူပုန်တွေ သေဆုံးမှုကတော့ ဒီတစ်လထဲမှာ ၆၇၇ ဦးရှိပြီး တပ်မတော်အနေနဲ့ အောင်မြင်မှုတွေ ပိုလာတာ တွေ့ရပါတယ်။ တစ်နိုင်ငံလုံးကို စစ်မျက်နှာဖွင့်ထားရတဲ့ မြန်မာ့တပ်မတော်အနေနဲ့ ယခုလို အောင်မြင်မှုတွေ ရတာဟာ အလွန်ချီးကျူးမိပါတယ် (ပြည်သူ့စစ်မှုထမ်းရဲ့အား)။ အာရှမှာရှိတဲ့ မည်သည့်နိုင်ငံစစ်တပ်မှ ဒီလိုမျိုးအခြေအနေကို မထိန်းနိုင်ပါဘူး။ အဲဒီနိုင်ငံတွေသာဆို အခုအချိန်မှာ ပြိုလဲသွားကြမှာပါ။ (အမှန်အတိုင်းရေးတာပါ ..)

ကျောက်ဖြူဘက်မှာဆိုရင် AA ရခိုင်သူပုန် မျိုးတုန်းသွားသလို နောင်ချိုနဲ့ ဗန်းမော်မှာလည်း သူပုန်တွေ ပျက်သုဉ်းသွားခဲ့ ပါပြီ။

နောင်ချိုဒေသမှာ အောင်မြင်မှုအနေနဲ့ ရန်သူ့စခန်းကုန်း ၁၉ ခု သိမ်းပိုက်ရရှိပြီး ဗန်းမော်ဒေသမှာလည်း အကြမ်းဖက် KIA အနေနဲ့ တပ်မတော် Sniper အစွမ်းကြောင့် ခေါင်းဆောင်ပိုင်းအပါ ၁၀၇ ဦး တိတိ သေဆုံးခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေကလည်း ပြည်သူတွေ ပူးပေါင်းသတင်းပေးမှုကြောင့် ဖြစ်ပါတယ်။

နောက်တစ်ခုက ဒီဇယားထဲမှာ အကြမ်းဖက်တွေကိုယ်တိုင် သူတို့ဘက်က သေဆုံး/ဒဏ်ရာရသူတွေ (ထောက်ထား အခိုင်အမာ သတင်းတွေ)ကို ထည့်သွင်း ရေတွက်ထားပြီး တောထဲမှာ လူမသိ/ သူမသိ သေသွားတဲ့ အကြမ်းဖက်သမားတွေရဲ့ စာရင်းတော့ မပါပါ။

အစိုးရတပ်မတော်နဲ့ လက်နက်ကိုင်ပြီး အကြမ်းဖက်နေတဲ့ သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ ဘယ်လောက် သေဆုံးမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိပါတယ်။

ဘာပဲပြောပြော .. ကိုယ့်လူမျိုးတွေပါပဲ .. အမြင်မှန် အမြန်ရကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *