အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ အီရန်ရဲ့ ဒုံးပျံတွေကို ကြားဖြတ်ပစ်ချနေရလို့ မကြာခင်မှာ ဒုံးခွင်းဒုံးစနစ်က ဒုံးပျံတွေကုန်တော့မယ်လို့ သိရတယ်။ နောက်ထပ် ၁၂ ရက်စာအထိပဲ အစ္စရေးမှာ ဒုံးခွင်းဒုံးတွေ ကျန်တော့တယ်လို့ သိရတယ်။
အခုအီရန်ရဲ့ ဒုံးပျံတွေကို ပစ်ချနေတဲ့ Arrow 3 ဒုံးပျံတွေဟာ တစ်စင်းကို ဒေါ်လာ ၃ သန်း တန်ကြေးရှိပါတယ်တဲ့။ တစ်ညကို ဒေါ်လာ ၂၈၅ သန်း ကုန်ကျပါတယ်။
နာမည်ကျော် Iron Dome ဒုံးပျံတွေက တာတိုပစ်ဒုံးပျံတွေကိုလောက်သာ ပစ်ချနိုင်စွမ်းရှိပါတယ်။ တစ်စင်းကို ဒေါ်လာ ၅၀,၀၀၀ တန်ကြေးရှိပါတယ်။ ICBM တွေကို တိကျအောင် ပစ်ချနိုင်ဖို့က ၃၀ ရာခိုင်နှုန်းသာ ရှိတယ်လို့ သိရပါတယ်။
David’s Sling ဒုံးခွင်းဒုံးတွေကတော့ တာလတ်ပစ် Ballistic missiles တွေကို ပစ်ချနိုင်စွမ်းရှိတယ်။ သို့သော်လည်း ဟိုက်ပါဆိုးနစ်ဒုံးပျံတွေကိုတော့ မပစ်ချနိုင်ပါဘူး။
အမေရိကန်ရဲ့ THAAD နဲ့ Patriot စနစ် ဒုံးခွင်းဒုံးစနစ်တွေလည်း အစ္စရေးကို ပေးပို့ထားတာရှိသော်လည်း အီရန်ရဲ့ ဟိုက်ပါဆိုးတစ်ဒုံးပျံတွေကို အပြည့်အဝကြားဖြတ် ပစ်ချနိုင်စွမ်း မရှိသေးပါဘူး။ ယနေ့လက်ရှိ အနေအထားအရ အစ္စရေး IDF ဟာ တကယ်လို့ Arrow-3 ဒုံးခွင်းဒုံးတွေသာ ကုန်သွားခဲ့ရင်တော့ အစ္စရေးဟာ အီရန်ရဲ့ဒုံးပျံတွေအောက်မှာ မြို့ကြီးတွေက ပျက်စီးဖို့ပဲ ရှိတော့တယ်။
အမေရိကန်ကလည်း အစ္စရေးကို THAAD နဲ့ Patriot စနစ်တွေ ထောက်ပံ့ပေးဖို့လက်ရှိအထိတော့ ပြောကြားထားတာ မရှိသေးပါဘူး။
မင်းခန့် (https://t.me/minkhantnews)
