တစ်နာရီ ၄၄ မိုင်နှုန်းနဲ့ပျံသန်းမယ့် ဆိုင်ကယ်ပျံ

Skyrider X6 လို့အမည်ပေးထားတဲ့ ဆိုင်ကယ်ပျံတစ်မျိုးကို တရုတ်နိုင်ငံရှိ Kuickwheel ဆိုတဲ့ကုမ္ပဏီက တရားဝင်ထုတ်ဖော်ပြသ လိုက်ပါပြီ။ အဲဒီဆိုင်ကယ်ပျံက ပုံစံနှစ်မျိုးနဲ့ သွားလာနိုင်အောင် တီထွင်ထားတာဖြစ်ပြီး တရုတ်နိုင်ငံမှာရှိတဲ့ ကုန်ပစ္စည်းရောင်းဝယ်ရေး ဝက်ဆိုက်တွေကနေ တစ်ဆင့် ကြိုတင်အမှာစာတွေ တင်ထားလို့ရပါပြီဆိုပြီး ထုတ်ပြန်ထားပါတယ်။ ဈေးနှုန်းကိုတော့ယွမ် ၄၉၈၈၀၀၀ သတ်မှတ်ထားပါတယ်။

အဲဒီဆိုင်ကယ်ပျံက ဘီးသုံးဘီးပါဝင်ကာ ကုန်းပေါ်မှာသာ သွားလာနိုင်ရုံမက လေပေါ်မှာပါ ပျံသန်းနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။သူ့မှာ အခြေအနေ နှစ်ရပ်ပါဝင်ပါတယ်။ ပထမတစ်ခုက ပြောင်းပြန်သွား သုံးဘီးယာဉ် စနစ်ဖြစ်ပြီး သူကမြေပြင်ပေါ်မှာ သွားလာမှုအတွက် အသုံးဝင်တဲ့စနစ်ဖြစ်ပါတယ်။ နောက် တစ်ခုကတော့ သူ့ဆီကနေဒလက်တွေ ထွက်ပေါ်လာပြီး ပျံသန်းမှုအတွက် ပုံစံပြောင်းလဲသွားနိုင်တဲ့စနစ် ဖြစ်ပါတယ်။

မြေပြင်မှာသွားလာမယ်ဆိုရင် အဲဒီဆိုင်ကယ်က တစ်နာရီကို ကီလိုမီတာ ၇၀ နှုန်းနဲ့ ကီလိုမီတာ ၂၀၀ အထိသွားနိုင်ပြီး ပျံသန်းမှု လုပ်ဆောင်စဉ်မှာတော့ တစ်နာရီကို ၄၄ ဒသမ ၇ မိုင်နှုန်းနဲ့ ပျံသန်းနိုင်မှာပါ။ မြေပြင်မှာ သွားလာဖို့အတွက် လျှပ်စစ်မော်တာတွေ က တာဝန်ယူပေးမှာဖြစ်သလို လေပေါ်မှာပျံသန်းဖို့ အတွက်လည်း လျှပ်စစ်မော်တာ အသုံးပြုထားတဲ့ ဒလက်တွေက တာဝန်ယူပေးမှာဖြစ်ပါတယ်။ဒါ့အပြင် ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားချက် အရဆိုရင် Skyrider X6 သည် အလိုအလျောက်ပျံသန်းခြင်း၊ ဆင်းသက်ခြင်းနှင့် လမ်းကြောင်းရွေးချယ် ခြင်းတို့ကို လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။

ဒါတင် မကသေးပါဘူး။ သူ့ကိုကာဗွန်ဖိုင်ဘာနဲ့ လေကြောင်း အဆင့်သုံး အလူမီနီယံသတ္တုစပ်တို့ကို အသုံးပြုထားတာကြောင့် အလေးချိန်က ပေါ့ပါးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *