ဗန်းမော်မှာ မင်းခေါင်စစ်ကြောင်းဖြင့် အကြမ်းဖက် KIA/PDF များအားရှင်းလင်းနေ

တပ်မတော်မှ အပစ်ရပ်ကြေညာထားချိန်တိုင်း အခွင့်ကောင်းယူပြီး မိမိတပ်စခန်းတွေကို နှောက်ယှက် တိုက်ခိုက်နေကြတဲ့ အကြမ်းဖက်များခိုအောင်းရာနေရာများအား စကခမှူးရဲ့ မင်းခေါင်စစ်သည်များမှ ခြေလျင်အကူပစ်လက်နက်များ၊ အမြောက်၊ Drop Bomb ပစ်ကူများရယူ၍ နေ့/ညမပြတ် ကင်းထောက်ကာ ချေမှုန်းလျက်ရှိပါတယ်။-KIA အဖွဲ့က လက်ပါးစေ PDF လေးတွေကို ဆေးကျွေးပြီးအသေခံခိုင်းနေတာကို မြင်နေရတာ ရင်နာစရာပါ။-မင်းခေါင်စစ်သည်များ စီးနင်းမှုပြုလုပ်တိုင်း KIA များက PDF တွေကိုပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုံးပြေးကြပါတယ်။(ယခု VD မှာလည်း သက်သေတွေပါ ပါတယ်)-KIA ရဲ့ခိုင်းဖက် ထီးချိုင့် ၊ ယင်းမာပင် နယ်က အင်အားလာဖြည့်တဲ့ ပဒက်လေးတွေခမျာမှာလည်း နေ့စဉ် အသက်ဆုံးရှုံး နေရပါတယ်။ ဒါ့အပြင် ဆေးသုံးစွဲတာများလွန်းပြီး KIA အဖွဲ့က စွန့်ပစ်ခဲ့မှုကြောင့် အကြောက်လွန် စိတ်ဖောက်ပြန်ကာ မိမိကိုယ်ကို သတ်သေတဲ့ PDF တွေလည်း ရှိနေပါတယ်။(VD ထဲမှာသက်သေပါတယ်)-ဒါကြောင့် PDF တွေအနေနဲ့ ယခုလုပ်နေတာတွေက ဘယ်သူ့အတွက်လည်းဆိုတာ ပြန်စဉ်းစားဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *