ဇွန် ၁၄ ရက် စနေနေ့မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-အစ္စရေးတိုက်လေယာဥ်အစီး ၂၀၀ ကျော်ဖြင့် အီရန်ကိုတိုက်ခိုက်ခဲ့ရာ စစ်ဖက်ရာထူးအကြီးဆုံးပုဂ္ဂိလ်များဖြစ်သော ကာကွယ်ရေးဦးစီးချုပ် ဟူစိန်ဆာလာနီ ၊ ဒုချုပ် ဂိုလာမာရီရှာရစ် ၊ တော်လှန်ရေးအစောင့်တပ်မှုးချုပ် မိုဟာမက် ဘာဟီရီ အပါအဝင် စစ်ဦးစီးအဖွဲ့ဝင်များ ၊ ထိတ်တန်းအနုမြူသိပ္ပံပညာရှင် ၂ ဦးအပါအဝင် အနုမြူစက်ရုံရှိအကြီးတန်းအရာရှိများသေဆုံးပြီး အစ္စရေးတိုက်လေယာဥ်တစ်စင်းမှပစ်ချမခံရပေ ၊ တချိန်တည်းမှာပင် ထိုတိုက်ခိုက်မှု၌ ကန် မပါကြောင်း ပြောခဲ့ပြီး အီရန်မှ တုန့်ပြန်တိုက်ခိုက်သော ရာနှင့်ချီသည် ဒရုန်း နှင့် မစ်ဇိုင်း တို့အား အစ္စရေးလေကာစနစ်နှင့်အတူ ကန် ၊ ဗြိတိန် ၊ ဂျော်ဒန် တိုက်လေယာဥ်များက ပစ်ချပေးခဲ့သည် ။

-ကမ္ဘာ့ရေနံစျေး ခုံတက်သွားသည် ။

-ကမ္ဘာကျော် k – pop BTS အဖွဲ့ အဆိုတော် ဂျင်ကွတ် သည် စစ်မှု့ထမ်းကာလပြီးဆုံး၍အိမ်ပြန်လာစဥ် အမျိုးသမီးပရိတ်သတ်တစ်ဦး အိမ်ထဲဝင်ရန်အတင်းကြိုးစားသောကြောင့် ရဲခေါ်ဖမ်းရသည် ၊ k – pop အဖွဲ့သားအားလုံးမကြာမှီ စစ်မှု့ထမ်းသက် ပြည့်မည် ဆိုသည် ။

-ဖူးခက်မှ ဒေလီ သွားမည့် အိန္ဒိယလေကြောင်းပိုင် AI – 379 သည် ပျံတက်ပြီးမကြာမှီ လေယာဥ်ပေါ်၌ ဗုံးထောင်ထားကြောင်း စာ ၊ အိမ်သာထဲတွင်တွေ့ရှိပြီးနောက် ဖူးခက်ကိုပြန်ဆင်းသည် ။

-ပြည်တွင်းလုံခြုံရေးဝန်ကြီး နိုအန် သည် FBI ရုံးချုပ်၌ သတင်းစာရှင်းလင်းပွဲလုပ်စဥ် အတိုက်အခံ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဖာရယ်လာ က မေးခွန်းများ အော်ဟစ်မေးမြန်းမှု့ကြောင့် ရဲ များက အကြမ်းနည်းသုံးလက်ထိတ်ခတ်ဖမ်းဆီး၍ အပြင်ဆွဲထုတ်ခံရသည်။

-ဟောင်တိုင် ၅၈ အမည်ရှိ တရုပ်သဘေင်္ာသည် ထိုင်ဝမ်အနီး ရက်အတန်ကြာရပ်ထားပြီးနောက် ပြန်ထွက်သောအခါ ထိုင်ဝမ်ကျွန်းမကြီးနှင့် ပန်ကူ ကျွန်းကိုဆက်သွယ်ထားသော ရေအောက်ကေဘယ်ကြိုး ပြတ်တောက်သွားသဖြင့် ၎င်းတရုပ် ကပ္ပတိန် နှင့် သင်ဘောသား ၈ ဦးကိုဖမ်းထားသည် ။

-ထိုင်းမလေး နယ်စပ်တွင် အထောက်အထားမဲ့မြန်မာ ၃၃ ဦးဖမ်းမိသည် ။

ပြည်တွင်းထူးခြားသတင်းမှာ –

-မိတ္ထီလာမြို့ပေါ် လူနေရပ်ကွက်များအတွင်းချိန်ရွယ်ထားသော ရှော့တိုက်ဒုံး ၁၂ လုံးနှင့် ဘက္ထရီ ၃ လုံး ကို ပြည်သူသတင်းပေး၍ အချိန်မှီ ဖမ်းမိသည် ။

-ဖာပွန်ဂွင် ကဒိုင်တိစခန်း တပ်မတော်မှပြန်သိမ်းနိုင်ခဲ့သည် ။

-ထာဝယ်အနီး ငရန့်နီစခန်း ရန်သူလာမတိုက်သော်လည်း မိမိတပ်ဆုတ်ခွာသည် ။

-ဂန့်ဂေါမြောက်ခြမ်း ရွာစည် ရှိ PDF စခန်းမှ မိုင်းနှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ သူပုန် ၁၁ ယောက်မိသည် ။

-AA သူပုန်ခေါင်းဆောင်၏အကိုတော်စပ်သူ ဗိုလ်မှုးအဆင့်ယူထားသည့် ထွန်းမြင့်နိုင် က AA စစ်ရှုံးသတင်းပေါက်သော ရခိုင် မီဒီယာများကို အရေးယူရမည်ဟု ပြော၍ မကျေမနပ် ဖြစ်နေကြသည် ။

-ရွှေညောင်တွင် မိုးကြီးရေလျှံ၍ တပ်မတော်သားများ ကယ်ဆယ်ရေးလုပ်နေရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် –

နိုင်ငံတော်အကြီးအကဲသည် ပြင်ဦးလွင်ခရီးစဥ်၌ လာမည့် G – 12 ကလေးများသင်ခန်းစာတွင် ရွေးကောက်ပွဲဥပဒေ ၊ မူးယစ်ဥပဒေ ၊ လူကုန်ကူးဥပဒေ ၊ လောင်းကစားဥပဒေ ၊ ပြစ်မှု့ဆိုင်ရာဥပဒေ များကို ပို့ချသွားရန် ဆရာဆရာမများကိုလေ့ကျင့်ပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည် ။

Leave a Reply

Your email address will not be published. Required fields are marked *