NUG/PDF အကြမ်းဖက်အဖွဲ့က မိတ္ထီလာမြို့ကို ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးများ သိမ်းဆည်းရရှိ

ပြည်သူ့လုံခြုံရေးစနစ် အားကောင်းသက်ဝင်လာပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများ၏ သတင်းပေးမှုကြောင့် ဇွန်လ ၁၂ ရက် ညနေပိုင်းအချိန်က မိတ္ထီလာမြို့နယ်၊ ကံဦးစံပြရွာအနီးတွင် မိတ္ထီလာမြို့ကို ပစ်ခတ်ဖျက်ဆီးရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး၊ ဒုံးတင်စင်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်။ သိမ်းဆည်းရရှိမှုအနေဖြင့် –
(၁) ရှော့တိုက်ဒုံး ၁၂ လုံး
(၂) ဒုံးတင်စင် ၁၂ ခု
(၃) ဘတ္ထရီ ၃ လုံး တို့ဖြစ်သည်။

ကံဦးစံပြကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများရှိ ဒေသခံများသည် NUG/PDF တို့၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံဘဲ အကြမ်းဖက်သမားတို့၏ လှုပ်ရှားမှုသတင်းများကို လခရအဖွဲ့ထံ အဆက်မပြတ်ပေးပို့လျက်ရှိပြီး ၎င်းတို့၏ သတင်းပေးမှုကြောင့်ပင် မိတ္ထီလာမြို့ ပျက်စီးမည့်အရေးမှ ကယ်တင်နိုင်ခဲ့ပါသည်။

အခြားပြည်သူများအနေနဲ့လည်း ကံဦးစံပြရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများကဲ့သို့ ရန်သူ့သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မိမိတို့ မြို့/ရွာ ပျက်စီးမှုမှ ကာကွယ်နိုင်မှာဖြစ်ပြီး NUG/PDF အကြမ်းဖက်အဖွဲ့များလည်း မြန်မြန်နိဂုံးချုပ်သွားမှာဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *