– ဇွန်လ ၁၂ ရက် ၁၇၁၅ နာရီတွင် လားရှိုးမြို့၊ ရပ်ကွက်(၈)၊ နယ်မြေ(၄)၊ သိန္နီလမ်းရှိ “Mobile Htike”ဖုန်းအရောင်းဆိုင် သို့ (စိစစ်ဆဲ)ကျား ၅ ဦးမှ ပစ္စတိုသေနတ်ကိုယ်စီဖြင့် ယာဉ်အမှတ်(စိစစ်ဆဲ) CROWN အမျိုးအစား(အဖြူရောင်) ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ ဆိုင်ဝန်ထမ်းအမျိုးသမီး ၄ ဦးအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ဆိုင်ကောင်တာအတွင်းမှ ငွေကျပ် ၁၀ သိန်းကျော်ခန့်၊ ဖုန်းကောင်တာအတွင်းမှ iPhone အမျိုးအစား ဖုန်းမျိုးစုံ ၃၂ လုံး၊ Samsung အမျိုးအစား ဖုန်းမျိုးစုံ ၃ လုံး၊ စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၇၆၅ သိန်းခန့်အား လုယက်ယူဆောင်ကာ ဆိုင်အတွင်းတပ်ဆင်ထားသည့် CCTV ကင်မရာများအား ဖျက်ဆီးခဲ့ပြီး လားရှိုးမြို့တွင်းဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့။
-ဇွန်လ ၁၁ ရက် ၂၂၀၀ နာရီတွင် ရွာငံမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင်နေထိုင်သော ဦးစိုးမြင့်(၆၂)နှစ်သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၂၀ ဦးခန့်မှ လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာပြီး ဦးစိုးမြင့်အား ဖမ်းဆီးကာ တောင်ပို့ခေါင်းကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့။
-ဇွန်လ ၁၂ ရက် ၁၇၃၀ နာရီတွင် ကော့ရိတ်မြို့နယ်၊ ကျုံဒိုးမြို့သို့ အကြမ်းဖက်အဖွဲ့ KNU/PDF သည် ကော့ကမာကျေးရွာ ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကော့ဘော်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အပြစ်မဲ့ပြည်သူများဖြစ်သော စောလင်းကို(၄၂)နှစ်၊ ဒေါ်ယဉ်မာအေး(၃၄)နှစ်နှင့် စုအိန္ဒြာမိုး(၄)နှစ်တို့တွင် ဗုံးစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ထွေးစိန်(၃၄)နှစ်တွင် ဦးခေါင်း၊ ဝဲလက်မောင်း ဗုံးစထိမှန်ဒဏ်ရာ (စိုးရိမ်ရ)၊ စိန်သန်းလေး(၃၇)နှစ်တွင် ဝမ်းဗိုက်၊ ဝဲတင်ပါးဗုံးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ စောဝင်းကျော်(၉)နှစ်တွင် ဝဲ/ယာဒူးအောက်၊ ဝဲ/ယာလက် ဗုံးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)တို့ ရရှိခဲ့။
-ဇွန်လ ၁၂ ရက် ၁၀၂၅ နာရီတွင် ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၀၂/၃)နှင့် ၄ ဖာလုံကြား၌ KNU/PDF အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ရာ လမ်းပေါ်၌ ဖြတ်သန်းသွား လာလျက်ရှိသည့် ယာဉ်အမှတ်၊ 3I-2779 TOYOTA Wish အမျိုးအစား(အဖြူရောင်)ယာဉ်အား ထိမှန်ခဲ့ပြီး ယာဉ်မောင်း မျိုးမင်းခန့်(၂၆)နှစ်၊ နဝရတ်ရပ်ကွက်၊ သိမ်ဇရပ်မြို့နေသူတွင် နောက်စေ့၊ လည်ပင်းပေါက်ပြဲဒဏ် ရာ(မစိုးရိမ်ရ)၊ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဦးပန်းညွန့်(၆၁)နှစ်၊ ဝေါမြို့နေသူတွင် ဦးခေါင်း၊ ပေါင်ရင်း ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ အိအိခိုင်(၂၅)နှစ်၊ ဝမ်းဘဲအင်းကျေးရွာ၊ ပဲခူးမြို့နယ်နေသူတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ သဲသဲ(၂၈)နှစ်၊ ဝေါမြို့နေသူတွင် ဝဲပါး၊ နှုတ်ခမ်း၊ ဝဲခြေသလုံး၊ ဝဲနားရွက်ပေါက်ပြဲ ဒဏ်ရာ(စိုးရိမ်ရ)တို့ ရရှိခဲ့။